ကျန်းမာရေးစောင့်ရှောက်ရေးကဏ္ဍအတွက် အိန္ဒိယအစိုးရက ဒေါ်လာ ၇ ဘီလျံနီးပါး ပံ့ပိုးရန် စီစဉ်

ကျန်းမာရေးစောင့်ရှောက်ရေးကဏ္ဍအတွက် အိန္ဒိယအစိုးရက ဒေါ်လာ ၇ ဘီလျံနီးပါး ပံ့ပိုးရန် စီစဉ်

ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကြောင့် ထိခိုက်ရသည့် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ပံ့ပိုးရန် ရူပီး ဘီလျံ ၅၀၀ (ဒေါ်လာ ၆ ဒသမ ၈ ဘီလျံ) ချေးငွေထုတ်ပေးမည့် အစီအစဉ်ကို အိန္ဒိယအစိုးရက စဉ်းစားလျှက်ရှိကြောင်း အဆိုပါ လုပ်ငန်းစဉ်နှင့် နီးစပ်သူများက ပြောကြားသည်။

အဆိုပါ အစီအစဉ်တွင် ဆေးရုံးများတွင် စွမ်းရည်မြှင့်တင်ရန်နှင့် ဆေးဝါးဖြည့်ဆည်းမှုများအတွက် ကုမ္ပဏီများအနေဖြင့် အစိုးရ၏ အာမခံချက်ဖြင့် ရန်ပုံငွေရယူနိုင်မည်ဖြစ်ကြောင်း စည်းကမ်းသတ်မှတ်ချက်များကြောင့် အမည်မဖော်လိုသူများက ပြောကြားသည်။ ယင်းအစီအစဉ်၏ အဓိက ရည်ရွယ်ချက်သည် မြို့ငယ်များတွင် ကိုဗစ်-၁၉ နှင့် သက်ဆိုင်သည့် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ ပိုမိုကောင်းမွန်လာစေရန်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

လွန်ခဲ့သည့် လများက အိန္ဒိယတွင် ဗိုင်းရပ်ပျံ့နှံ့မှု ဆိုးရွားခဲ့သောကြောင့် နိုင်ငံ၏ မပြည့်စုံသော ကျန်းမာရေး စောင့်ရှောက်မှုနယ်ပယ်တွင် ဆေးရုံကုတင်၊ အောက်စီဂျင်ပေးစက်အပါအဝင် လိုအပ်ချက်များစွာ ရှိနေခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ တိုးတက်စေရန်နှင့် ကာကွယ်ဆေးထုတ်လုပ်သူများကို နောက်ထပ်ချေးငွေများပေးရန် ဗဟိုဘဏ်က ပြီးခဲ့သည့် လအတွင်း ကြိုးပမ်းမှုများကို အစိုးရ၏ ယခု ချေးငွေအာမခံချက်များက အထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။

သက်ဆိုင်ရာ ဘဏ်များအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ကာကွယ်ဆေးထုတ်လုပ်သူများအတွက် ၂၀၂၂ ခုနှစ်၊ မတ်လအထိ ထုတ်ပေးရန် Reserve Bank of India က ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

လေကြောင်းလိုင်းနှင့် ဆေးရုံများတွင် ကပ်ရောဂါကြောင့် ထိခိုက်မှု သက်သာစေရန် အရေးပေါ်ချေးငွေ ဒေါ်လာ ၄၁ ဘီလျံထုတ်ပေးရန် အစိုးရက ပြီးခဲ့သည့်လအတွင်းက ကြေညာပြီးဖြစ်သည်။

အတိုး ၇ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ပေးမည့် ရူပီး သန်း ၂၀ နှင့် ညီမျှသည့် အဆိုပါ ချေးငွေဖြင့် ဆေးရုံများနှင့် ဆေးခန်းများတွင် အောက်စီဂျင်ထုတ်ပေးသည့်စက်များ တပ်ဆင်မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required