ကိုဗစ်ဗိုင်းရပ်၏ မူလဇစ်မြစ်ကို တရုတ်က ဖုံးကွယ်နေခြင်းသည် ဓာတ်ခွဲခန်းမှ ဖန်တီးလိုက်သကဲ့သို့ဖြစ်နေ

ကိုဗစ်ဗိုင်းရပ်၏ မူလဇစ်မြစ်ကို တရုတ်က ဖုံးကွယ်နေခြင်းသည် ဓာတ်ခွဲခန်းမှ ဖန်တီးလိုက်သကဲ့သို့ဖြစ်နေ

တရုတ်က ကိုရိုနာဗိုင်းရပ်၏ မူလဇစ်မြစ်အား ဖုံးကွယ်နေခြင်းအပေါ် ဝေါစထရိဂျာနယ်က မေးခွန်းထုတ်ခဲ့သည်။ ယင်းသို့ ဖုံးကွယ်ခြင်းမှာ ဗိုင်းရပ်သည် သဘာဝအလျှောက် ဖြစ်ပွားလာခြင်းမဟုတ်ဘဲ ဓာတ်ခွဲခန်းတွင် ဖန်တီးထုတ်လုပ်ခဲ့သလို ဖြစ်နေကြောင်းလည်း မှတ်ချက်ပြုထားသည်။

လွန်ခဲ့သော လအနည်းငယ်က ဗိုင်းရပ်ပိုးသစ်နှင့် ပတ်သက်၍ တရုတ်၏ ဝါဒဖြန့်ဗျူဟာသည် ရှင်းလင်းပြတ်သားလာခဲ့သည်။ ဗိုင်းရပ်၏ မူလကို သိရှိရန် ခက်ခဲသည်ဟုဆိုခြင်းသည် ရင်းမြစ်သည် ပြည်ပမှ ဖြစ်နိုင်သလို ပြည်တွင်းမှလည်း ဖြစ်နိုင်ကြောင်း ဆိုလိုခဲ့သည်။

ယခင်က ဖြစ်ပွားဖူးခြင်း မရှိသလို အလယ်အလတ် သတိပေးမှု မတွေ့ရှိရဘဲ ဝူဟန်၌ နေ့ချင်းညချင်း ထွက်ပေါ်လာခြင်းသည် တရုတ်အတွက် ကြီးမားစွာ ရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ် ဖြစ်နေသည်။ ယင်းအခြေအနေများက ကိုဗစ်ဗိုင်းရပ်သည် ဝူဟန် ဗိုင်းရပ်ဗေဒဌာနမှ အစပြုခဲ့ကြောင်း ခိုင်လုံစေသည်။

ဗိုင်းရပ်သည် ၂၀၁၉ ခုနှစ်က စစ်ဖက်ဆိုင်ရာ ကမ္ဘာ့အားကစားပွဲသို့ ရောက်ရှိလာသည့် ပြည်ပအားကစားသမားများ၏ ခန္ဓာကိုယ်ပေါ်တွင်လည်းကောင်း သို့မဟုတ် ၎င်းတို့ ယူဆောင်လာသည့် အေးခဲအသားများပေါ်မှလည်း ပြည်တွင်းသို့ ဝင်ရောက်လာပြီး ဝူဟန်တွင် ဗိုင်းရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တရုတ်အစိုးရက ဟွမ်နန်မြို့ရှိ လက်လီဈေးသည်များထံမှ မှတ်တမ်းယူခဲ့ရာတွင် ဈေးသို့လာသည့် ပြည်ပ စစ်ဖက်အရာရှိများထံမှ ရောဂါကူးစက်နိုင်ကြောင်းနှင့် လေဆိပ်၌ ထွက်ဆိုချက်တွင် အားကစားသမားများ ယူဆောင်လာသည့် အေးခဲစာများမှလည်းကောင်း၊ ပြောကြားသည်။ အားကစားပွဲတွင် ပါဝင်သူများတွင်လည်း အအေးပတ်သကဲ့သို့ ရောဂါလက္ခဏာများ ရရှိခဲ့ကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြသည်။ တရုတ်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ ပေးပို့သည့် အစီရင်ခံစာတွင် စစ်တပ်အားကစားပွဲနှင့် အေးခဲအစားအစာများကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံပိုင် Global Times မီဒီယာက ယင်းသို့ ဖော်ပြခဲ့သည် အစီရင်ခံစာကို ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required