တရုတ်ကျေးလက်ဒေသများ ခေတ်မီလာသော်လည်း ဝင်ငွေမညီမျှမှု ကြီးထွားလာ

တရုတ်ကျေးလက်ဒေသများ ခေတ်မီလာသော်လည်း ဝင်ငွေမညီမျှမှု ကြီးထွားလာ
Photo: EPA

လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် တရုတ်က ကျေးလက်ဒေသများကို ခေတ်မီအောင်လုပ်ရန် တွန်းအားပေးနေသော်လည်း ကျေးလက်ဒေသတွင် စီးပွားရေးအခွင့်အလမ်းနည်းပါးနေဆဲဖြစ်သဖြင့် မြို့ပြတွင် နေထိုင်သူများနှင့် နှိုင်းယှဉ်ပါက နိုင်ငံတစ်ဝန်းရှိ ကျေးလက်တွင် နေထိုင်သူများမှာ ဝင်ငွေကွာဟချက် ကြီးမားလျှက်ရှိသည်။

Nikkei Asia ၏ သတင်းတစ်ရပ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီဇင်ဘာလအတွင်းက ဆင်းရဲနွမ်းပါးသည့် ဒေသများစာရင်းတွင် ပါဝင်သည့် စီရင်စုများ၏ စာရင်းများအား ဖယ်ရှားပစ်လိုက်ပြီး တရုတ်နိုင်ငံသည် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို ကာလကြာရှည်စွာ တိုက်ဖျက်မှု အဆုံးသတ်ခဲ့ပြီဟု ပြောကြားခဲ့သော်လည်း ကျေးလက်ဒေသဝင်ငွေသည် မြို့ပြများထက် များစွာနောက်ကျ ကျန်နေသလို ကျေးလက်ဒေသရှိ လူနေမှုဘဝများမှာ စိန်ခေါ်မှုများစွာ ကျန်ရှိနေဆဲဖြစ်သည်။

“လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေ ပိုမိုကောင်းမွန်လာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ရုန်းကန်နေရဆဲပါ” ဟု တစ်နှစ်ယွမ် ၃၀,ဝဝဝ အောက်သာရရှိသည့် အသက် ၅၄ နှစ်အရွယ် ဝက်မွေးမြူရေးသမားတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံ၏ လူဦးရေ သန်း ၉၀ဝ ခန့်သည် မြို့ပြတွင် နေထိုင်ကြပြီး၊ သန်း ၅၀ဝ မှာ ကျေးလက်ဒေသတွင် နေထိုင်သည်။ ၂၀၂၀ ပြည့်နှစ်တွင် မြို့ပြတွင် နေထိုင်သူများ၏ ပျမ်းမျှဝင်ငွေမှာ ယွမ် ၄၃,၈၃၄ ရှိပြီး ကျေးလက်နေပြည်သူများမှာ ယွမ် ၁၇,၁၃၁ ယွမ်သာရှိကြောင်း အစိုးရ၏ အချက်အလက်များက ဖော်ပြသည်။

တရုတ်ကျေးလက်ဒေသများသည် စိုက်ပျိုးရေးလုပ်ငန်းအပြင် အခြားအလုပ်အကိုင်အခွင့်အလမ်း နည်းပါးသောကြောင့် ကျေးလက်နှင့် ဆင်းရဲသားများအကြား အမှန်တကယ် ဝင်ငွေကွာဟမှုသည် ၇ နှစ်တာကာလအတွင်း ၅၇ ရာခိုင်နှုန်းရှိလာသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

“ မြို့ပြဒေသတွေက ကော်ပိုရေးရှင်းတွေက လုပ်အားခနည်းတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ငှားရမ်းပြီး 'ကမ္ဘာ့စက်ရုံ' ဖြစ်လာလို့ ကြီးထွားတိုးတက်လာခဲ့သည်။ သူတို့က ကျေးရွာတွေကို ကိုလိုနီတွေလို အသုံးချခဲ့ကြတယ်။ ဒီကွာဟချက်က နည်းသွားမဲ့ အလားအလာ မမြင်သေးပါဘူး” ဟု ဖူမီကီတာဟာရာ တိုကျိုတက္ကသိုလ်မှ ဖူမီကီတာရာက ပြောကြားသည်။

ကျေးလက်နေသူများသည် မြို့ကြီးများသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ထွက်ခွာသွားကြပြီး ၂၀၂၀ ပြည့်နှစ်တွင် ၎င်းတို့၏ ပျမ်းမျှဝင်ငွေမှာ တစ်လယွမ် ၄၀ဝဝ ခန့်ရှိသည်။ ယင်းသည် လယ်သမားအလုပ်ထက် များစွာဝင်ငွေကောင်းသော်လည်း ၎င်းတို့သည် ရုံးဝန်ထမ်းများနောက်တွင် ကျန်ရှိနေသေးသည်။ (ANI) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required