မယားပြိုင်စနစ်အကြောင်း ပြောကြားသည့် တရုတ် ပါမောက္ခကို တာဝန်မှ ဆိုင်းငံ့

By ANI
18 June 2021
မယားပြိုင်စနစ်အကြောင်း ပြောကြားသည့် တရုတ် ပါမောက္ခကို တာဝန်မှ ဆိုင်းငံ့

မယားအများယူပြီး၊ ကလေးအများအပြား မွေးဖွားခြင်းကို အချို့ပညာရှင်များအနေဖြင့်လုပ်ဆောင်သင့်ကြောင်း ပြောကြားသည့် တရုတ်ထိပ်တန်း ဥပဒေကျောင်းမှ ပါမောက္ခတစ်ဦးကို တာဝန်မှ ဆိုင်းငံ့လိုက်သည်။

ရှန်ဟိုင်းမြို့၊ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေပညာ အရှေ့တရုတ်တက္ကသိုလ်မှ နိုင်ငံတကာဥပဒေပညာရပ် တွဲဖက်ပါမောက္ခ ပေါင်ရီနန်က သူငယ်ချင်းများကို ကန့်သတ်ထားသော သူ၏ WeChat Moments လူမှုမီဒီယာတွင် တရုတ်ကောလိပ်များနှင့် တက္ကသိုလ်များမှ ဆရာများကို လက်ထပ်ထိမ်းမြားမှုနှင့် ရာသက်ပန်ထောက်ပံ့စရိတ်များအတွက် အထူးအခွင့်အရေးပေးသင့်ကြောင်း ရေးသားခဲ့သော်လည်း သူ၏ မှတ်ချက်များသည် အများပြည်သူသို့ ပေါက်ကြားခဲ့ပြီးနောက် တုံ့ပြန်မှုဖြစ်ခဲ့သည်။

အွန်လိုင်းပေါ်တွင် မှားယွင်းသော အမြင်များကို ဖြန့်ဝေခြင်းအတွက် သင်ကြားရေးတာဝန်မှ ပေါင်ရီနန်အား ရပ်ဆိုင်းလိုက်ကြောင်း တက္ကသိုလ်၏ ကွန်မြူနစ်ပါတီကော်မတီလက်အောက်ရှိ ဆရာများအလုပ်ဌာနက ဇွန်လ ၁၃ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကျောင်းသည် ပေါင်ရီနန်အား အရေးယူမှုတစ်မျိုးမျိုး ဆက်လက်ပြုလုပ်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

တရားဝင်ပေါ်လစီများ၊ ရာထူးများနှင့် မကိုက်ညီသောအမြင်များကို တရုတ်အာဏာပိုင်များက တင်းကျပ်စွာ ထိန်းချုပ်ထားသည်။

တရုတ်တက္ကသိုလ်များတွင် ငယ်ရွယ်သောဆရာများ၏ ရာခိုင်နှုန်းအနည်းငယ်သာ အမြဲတမ်းအလုပ် အကိုင်ရသည့်အတွက် ငယ်ရွယ်သော တက္ကသိုလ် ဆရာများအတွက် ရက်စက်စွာယှဉ်ပြိုင်ရသည့် အမြဲတမ်းရာထူးခန့်အပ်သည့်စနစ်အကြောင်း ရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်တွင် ပေါင်က ၎င်း၏ မှတ်ချက်များကို အစပိုင်းတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရှန်ဟိုင်း၏ နာမည်ကြီး ဖူဒန်တက္ကသိုလ်မှ အသက် ၃၉နှစ်အရွယ် သင်္ချာဆရာတစ်ဦးသည် သင်ကြားရေးအလုပ်ဆုံးရှုံးတော့မည်ကို သိပြီးနောက် ကွန်မြူနစ်ပါတီအရာရှိတစ်ဦးကို သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်ပြီး သူက ငယ်ရွယ်သော တက္ကသိုလ်ဝန်ထမ်းများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးရေးအတွက် သူက တောင်းဆိုထားခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required