သက်န်းကျွန်း ငမိုးရိပ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး ပေါက်ကွဲမှုဖြစ်

သက်န်းကျွန်း ငမိုးရိပ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး ပေါက်ကွဲမှုဖြစ်

ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက် အပိုင်း ၂ ရွေရည်လမ်းမပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သောကြာနေ့ ည ၆နာရီခွဲ ဝန်းကျင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဗုံးပေါက်ကွဲမှုဟုယုံကြည်ရသည်။

" ကြားတာတော့ အုပ်ချုပ်ရေးမှူးရုံးပေါက်တယ်တဲ့။  ဘယ်သူတွေထိလဲတော့ မသိသေးဘူး။ အဲ့နားမှာ စစ်သားတွေတော့ ရှိတယ်။ အခုတော့ တခြားနေရာက စစ်သားတွေပါ ရောက်လာကြပြီ''ဟု အဆိုပါ အနီးအနားနေထိုင်သူ တစ်ဦးက ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးရှိ အလယ်တန်းကျောင်းအမှတ်(၁) တွင် စစ်သားနှင့်ရဲများ တပ်စွဲထားပြီးလက်ရှိတွင် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာ၌  စစ်ကောင်စီတပ်မှ ဝင်ရောက်စစ်ဆေးနေသည်ဟု သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required