ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ တောရိုင်းတိရစ္ဆာန်သုတေသနဌာန တည်ဆောက်ပြီးမှု နောက်ဆုံးအဆင့် ရောက်ရှိ

By Agency
16 June 2021
ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ တောရိုင်းတိရစ္ဆာန်သုတေသနဌာန တည်ဆောက်ပြီးမှု နောက်ဆုံးအဆင့် ရောက်ရှိ

ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၊ ဒါချီဂန် အမျိုးသားဥယျာဉ်အတွင်းရှိ တောရိုင်းတိရစ္ဆာန်သုတေသနလုပ်ငန်းနှင့် တွဲဖက်ဖွင့်လှစ်မည့် သင်တန်းဌာန တည်ဆောက်မှုသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယင်းဌာနတွင် လူနေထိုင်နိုင်မည်ဖြစ်သလို တောရိုင်းတိရစ္ဆာန်အမျိုးမျိုး လေ့လာမည့်သူများလည်း ရှိမည်ဖြစ်သည်။

“သုတေနသနပညာရှင်တွေကို လေ့ကျင့်ပေးဖို့နဲ့ တောရိုင်းတိရစ္ဆာန်နဲ့ပတ်သက်လို့ သုတေသနလုပ်ငန်းတွေကို နေရာတစ်ခုတည်းမှာ လုပ်ဆောင်နိုင်အောင် ရည်ရွယ်ထားပါတယ်။ လိုအပ်တဲ့ စာအုပ်တွေနဲ့ အင်တာနက်အပါအဝင် လိုအပ်တဲ့ ရင်းမြစ်အားလုံး စီစဉ်ပေးထားပါမယ်” ဟု တောရိုင်းတိရစ္ဆာန်ဆေးကုပညာရှင် ဒေါက်တာအူမား နာဇာက ပြောကြားသည်။

သုတေသနပညာရှင်များအား သင်ကြားပေးရေးအစီအစဉ်နှင့် ပတ်သက်၍ ၎င်းက ရှင်းလင်းပြောကြားရာတွင် “အရေးကြီးတဲ့ ကဏ္ဍအမျိုးမျိုးမှာ သုတေသနပညာရှင်တွေကို သင်တန်းပေးဖို့ ပြင်ပက ကျွမ်းကျင်ပညာရှင်တွေရရှိဖို့လည်း ကျွန်တော်တို့ စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။

ဒါချီဂန်အမျိုးသားဥယျာဉ်သည် ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်တွင် အရေးပါသည့် တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးနေရာတစ်ခုဖြစ်ပြီး ကက်ရှ်မီးယား နွားသိုး၊ ကျားသစ်၊ ဟိမဝန္တာဝက်ဝံနက်နှင့် ငှက်အမျိုးမျိုး ကျက်စားသည့် နေရာတစ်ခုလည်း ဖြစ်သည်။

တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးဆိုင်ရာ အာဏာပိုင်များက နှစ် ၆၀ သက်တမ်းရှိ သိုးမွေးမြူရေး ခြံတစ်ခြံကို သုတေသနဌာနအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

နယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါအခြေအနေ တိုးတက်ကောင်းမွန်လာပါက သုတေသနပညာရှင်များအတွက် ဌာနကို ဖွင့်လှစ်သွားမည်ဟု ဒါချီဂန် အမျိုးသားဥယျာဉ်အာဏာပိုင်များက ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required