ရှင်ကျန်းမှ ထွက်ပြေးလာသည့် တက်ကြွလှုပ်ရှားသူများ၏ မိသားစုများ ထိခိုက်နစ်နာမှု များပြားနေ

By business-standard
16 June 2021
ရှင်ကျန်းမှ ထွက်ပြေးလာသည့် တက်ကြွလှုပ်ရှားသူများ၏ မိသားစုများ ထိခိုက်နစ်နာမှု များပြားနေ

တရုတ်နိုင်ငံ ရှင်ကျန်းဒေသရှိ ဝီဂါလူမျိုးစုများက ၎င်းတို့၏မိသားစုဝင်များအား မတရားဖမ်းဆီးခြင်းနှင့် ပတ်သက်၍ လူသိရှင်ကြားပြောဆိုခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ဝေဖန်သူများအား မသေချာမရေရာသည့် အကြမ်းဖက်မှုစွပ်စွဲချက်များဖြင့် တရုတ်အာဏာပိုင်များက စွပ်စွဲကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဆိုသည်။

တရုတ်အစိုးရအား ဆန့်ကျင်ကန့်ကွက်ပြောဆိုမှုများမှာ အလွန်အန္တရယ်ကြီးမားလာနေကြောင်း လူ့အခွင့်အရေး အုပ်စုများက ဆိုသည်။ ၂၀၁၇ ခုနှစ်ကတည်းက မိသားစုများနှင့် ကင်းကွာခဲ့ရသည့် ဝီဂါများအပေါ် ပြင်းထန်သည့်ဖိနှိပ်မှုများကို တရုတ်အာဏာပိုင်များက နောက်ဆုံးအသုံးပြုလာပြီး ရှင်းကျန်းတွင် ကျန်ရစ်ခဲ့သည့် ဆွေမျိုးများကိုပင် ပြစ်ဒဏ်များချမှတ်လာကြောင်း ဆိုသည်။

HRW အဆိုအရ တရုတ်အာဏာပိုင်များက အစိုးရအား ဝေဖန်သူများအား နှုတ်ပိတ်ရန် ယုတ္တိမရှိသည့် အကြမ်းဖက်ဝါဒဆိုင်ရာ စွဲချက်များကို မကြာခဏ အသုံးပြုလေ့ရှိသည်။

လူပုဂ္ဂိုလ်များကို ဆိုစွဲချက်တင်ရာတွင်လည်း အများပြည်သူများသိရှိနိုင်ရန်အတွက် ခိုင်လုံသည့် အထောက်အထားများ တရုတ်အစိုးရက ထုတ်ပြန်လေ့မရှိပေ။

"ရှင်ကျန်းမှာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောဆိုကြတဲ့ ကမ္ဘာတစ်ဝန်းမှ အစိုးရတွေက မိသားစုဝင်တွေကို စုပေါင်းပြစ်ဒဏ်ပေးတာကို ရပ်တန့်စေဖို့နဲ့ တရုတ်နိုင်ငံမှ ထွက်ခွာလိုသူတွေကို ထွက်ခွာခွင့်ပြုဖို့ တရုတ်အစိုးရကို တောင်းဆိုသင့်ပါတယ်။ သူတို့ရဲ့ လုံခြုံရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ရဲရင့်တဲ့ တက်ကြွလှုပ်ရှားသူတွေကို ပစ်မထားကြပါနဲ့” ဟု လူ့အခွင့်အရေးအဖွဲ့က ပြောကြားသည်။

ဇွန်လ ၉ ရက်က ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရသည် သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး ပြည်ပရှိ ဝီဂါများ၏ မိသားစုဝင်များနှင့် မိတ်ဆွေများကိစ္စကို ထည့်သွင်းစဉ်းစားရမည်ဟု ဆိုခဲ့သည်။

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များနှင့် လူသားချင်းစာနာထောက်ထားမှု မရှိပြုလုပ်သည့် ရာဇဝတ်မှုများအတွက် ထူထောင်ထားသည့် လွတ်လပ်သော စုံစမ်းရေးအဖွဲ့တစ်ခုဖြစ်သော ဝီဂါခုံရုံးတွင်

မကြာသေးမီက သက်သေခံထွက်ဆို ပေးခဲ့သော ဝီဂါများနှင့် အခြားအသက်ရှင်ကျန်ရစ်သူများအား တက်ရောက်သူများက ကန့်ကွက်ပြောဆိုခဲ့ကြသည်။

တရုတ်အစိုးရသည် အတင်းအဓမ္မဝန်ခံချက်များကို အသံလွှင့် ထုတ်လွှင့်ခြင်းနှင့် ပြည်ပရောက် တက်ကြွလှုပ်ရှားသူများ၏ မိသားစုဝင်များကို ဖိနှိပ်ချုပ်ခြယ်တက်သည့် သမိုင်းကြောင်းရှိသည်ဟု တရုတ်ဆိုင်ရာ ပါလီမန်များ မဟာမိတ်အဖွဲ့ (IPAC) က ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required