ကိုဗစ်-၁၉ မဖြစ်ပွားခင် ဝူဟန်ဈေးများ၌ ထောင်နှင့်ချီသည့် တောရိုင်းတိရစ္ဆာန် ရောင်းချခဲ့

ကိုဗစ်-၁၉ မဖြစ်ပွားခင် ဝူဟန်ဈေးများ၌ ထောင်နှင့်ချီသည့် တောရိုင်းတိရစ္ဆာန် ရောင်းချခဲ့

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမတိုင်မီတွင် တရုတ်နိုင်ငံ ဝူဟန်ဈေးများတွင် ထောင်နှင့်ချီသော တောရိုင်းတိရစ္ဆာန်များကို ရောင်းချခဲ့သည်ဟု သုတေသနအသစ်တစ်ခုတွင် ဖော်ပြထားသည်။

ဝူဟန်မြို့တွင် ပထမဆုံး ကိုဗစ်ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို သတင်းဖော်ပြခဲ့ပြီး နို့တိုက်သတ္တဝါများအပါအဝင် တောရိုင်းတိရစ္ဆာန်များကို ရောင်းဝယ်ဖောက်ကားမှုကြောင့် ကျော်ကြားခဲ့သည်။

တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုနှင့် ပတ်သက်သည့် အသေးစိတ်မှတ်တမ်းများကို မထုတ်ပြန်သေးသော်လည်း ရောဂါမဖြစ်ပွားမီ နှစ်နှစ်ခွဲခန့်ကာလအတွင်း တောရိုင်းတိရစ္ဆာန် ၄၇၀ဝဝ ကျော်ကို ဝူဟန်မြို့ဈေးများတွင် ရောင်းချခဲ့သည်ဟု ဗြိတိန်နှင့် တရုတ်သုတေသီများက ခန့်မှန်းခဲ့ကြသည်။

၂၀၁၇ ခုနှစ် မေလမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ဝူဟန်ရှိ ဈေး ၄ ခုမှ တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်သည့် ဆိုင် ၁၇ ခုသို့ လစဉ်သွားရောက်ပြီး သုတေသနပြုလုပ်ခဲ့ရာ မျိုးစိတ် ၃၈ မျိုးကို သုတေသီများမှတ်တမ်း တင်နိုင်ခဲ့ရာတွင် ကိုရိုနာဗိုင်းရပ်စ်များကူးစက်ဖြစ်ပွားလွယ်သော ကြောင်ကတိုးများ၊ အမွှေးရှည်မြွေပါများနှင့် ရက်ကွန်ခွေးများကဲ့သို့သောနို့တိုက်သတ္တဝါများအပြင် ရှဉ့်များ၊ ခွေးတူဝက်တူများ၊ မြေခွေးများ၊ ဖြူကောင်များ၊ ငှက်များ၊ တွားသွားသတ္တဝါများပါဝင်သည်။

စောင့်ကြည့်လေ့လာခံရသူ ဈေးသည် ၇ဦးသည် ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ အစောဆုံးဖြစ်ပွားသူများနှင့် ဆက်စပ်နေသည့် ဟွားနန်ပင်လယ်စာလက်ကားဈေးမှဖြစ်သည်။

တိရစ္ဆာန် ၁,၁၀ဝ ခန့်ကို ဝူဟန်ဈေးများသို့ လစဉ် ပို့ဆောင်ပေးလျက်ရှိပြီး အဆိုပါ ရောင်းဝယ်မှုများသည် ရောဂါကူးစက်ပျံ့နှံ့ခြင်းနှင့် တရားမဝင်ကုန်သွယ်ခြင်းတို့ ဖြစ်နိုင်သည်ဟု သုတေသီများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required