အင်ဒိုနီးရှားက အောက်စီဂျင်ထုတ်စက် အလုံး ၁၄၀၀ ကို ကြက်ခြေနီအသင်းမှတစ်ဆင့် အိန္ဒိယထံ ပေးအပ်

အင်ဒိုနီးရှားက အောက်စီဂျင်ထုတ်စက် အလုံး ၁၄၀၀ ကို ကြက်ခြေနီအသင်းမှတစ်ဆင့် အိန္ဒိယထံ ပေးအပ်

အင်ဒိုနီးရှားနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ကိုဗစ်-၁၉ ထိန်းချုပ်ရေးတွင် ပံ့ပိုးကူညီသည့် အနေဖြင့် အောက်စီဂျင် ထုတ်စက် အလုံး ၁၄၀၀ ကို အိန္ဒိယကြက်ခြေနီအသင်း (IRCS) မှ တစ်ဆင့်ပေးအပ်လိုက်သည်။

“ကိုဗစ်-၁၉ ကူးစက်မှုအကြီးအကျယ် ကြုံတွေ့နေရတဲ့ အိနိ္ဒယကို ပံ့ပိုး ကူညီတဲ့အနေနဲ့ အင်ဒိုနီးရှားအစိုးရနဲ့ ပြည်သူတွေက အောက်စီဂျင် ထုတ်စက် အလုံး ၁၄၀၀ ကို အိန္ဒိယကြက်ခြေနီအသင်းကတစ်ဆင့် ပေးပို့လိုက်ပါတယ်” ဟု မွမ်ဘိုင်းရှိ အင်ဒိုနီးရှားကောင်စစ်ဝန်ရုံးက ထုတ်ပြန်ခဲ့သည်။

အင်ဒိုနီးရှား ကောင်စစ်ဝန်ချုပ် အောဂတ်စ်ပီဆပ်တိုနိုက အဆိုပါ စက်များကို လက်ခံရယူခဲ့ပြီး IRCS သို့ ထပ်မံလွှဲပြောင်းပေးခဲ့သည်။

အင်ဒိုနီးရှားနှင့် အိန္ဒိယတို့သည် အပြန်အလှန် ပူးပေါင်းကူညီနေကြကြောင်းနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု နှစ် ၇၀ ကျော်ပြီဖြစ်ကာ အိန္ဒိယသည် အင်ဒိုနီးရှား၏ မဟာဗျူဟာ မိတ်ဖက်နိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်သည်။

“မဟာဗျူဟာမြောက် မိတ်ရင်းဆွေရင်း ဖြစ်လို့ အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ ကပ်ရောဂါနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားအနေနဲ့ မျက်ခြေပြတ်မခံဘဲ ကိုဗစ်-၁၉ ကို ထိန်းချုပ်ဖို့အရေးပေါ် လိုအပ်တဲ့အောက်စီဂျင် စက်တွေကို ပေးရခြင်း ဖြစ်ပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တို အယ်လ်ပီ မာဆူဒီက ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required