စစ်ကောင်စီလက်ထက် ရန်ကုန်ပလက်ဖောင်းပေါ်တွေမှာ လမ်းဘေးဈေးဆိုင်များပြန်ရောက်

17 June 2021
စစ်ကောင်စီလက်ထက် ရန်ကုန်ပလက်ဖောင်းပေါ်တွေမှာ လမ်းဘေးဈေးဆိုင်များပြန်ရောက်

စစ်ကောင်စီအုပ်ချုပ်တဲ့လေးလကျော်အတွင်းမှာတော့ ရန်ကုန်မြို့ရဲ့  ပလက်ဖောင်းတွေပေါ်မှာ လမ်းဘေး ဈေးဆိုင်တွေ ပြန်ရောက်နေတာကို တွေ့ရပါတယ်။

အနော်ရထာလမ်းတလျောက် ညနေ ၃နာရီလောက်ဆိုရင် ပလက်ဖောင်းတွေပေါ်မှာ ဆိုင်တွေစခင်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။ 

နဝတခေတ်ကလို လူသွားလမ်း ပလက်ဖောင်းတွေဟာ ဆိုင်တွေနဲ့ပြည့်ကျပ်နေလို့ တိုးဝှေ့သွားနေရပါတယ်။ စစ်အစိုးရအဆက်ဆက်က ရန်ကုန်မြို့ရဲ့ လမ်းဘေးဈေးဆိုင်း ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ 

ရန်ကုန်မြို့တော်စည်ပင်က ဝန်ထမ်းတွေက လည်း စီမံချက်ရှိရင် အဖမ်းပြလိုက်ပြီးရင် ဈေးကောက်လေး ကောက်ပြီး ပေါင်းစားလိုက်နဲ့ လမ်းဘေးဈေးသည် သံသရာလည်နေတာနှစ်ပေါင်းမနည်း တော့ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly