အမျိုးသားလုံခြုံရေးဥပဒေဖြင့် ပထမဆုံး တရားစွဲခံရသူအား ဂျူရီလူကြီးများဖြင့် စစ်ဆေးမည်ကို ဟောင်ကောင်တရားရုံး ပယ်ချ

အမျိုးသားလုံခြုံရေးဥပဒေဖြင့် ပထမဆုံး တရားစွဲခံရသူအား ဂျူရီလူကြီးများဖြင့် စစ်ဆေးမည်ကို ဟောင်ကောင်တရားရုံး ပယ်ချ

အမျိုးသားလုံခြုံရေးဥပဒေအရ ဟောင်ကောင်တွင် ပထမဆုံး စွဲချက်တင်ခံရသူသည် တရားရုံးတွင် ဂျူရီလူကြီးများမပါဝင်ဘဲနှင့် ရုံးတင်စစ်ဆေးခံရမည်ဟု တရားရုံးချုပ်က ဇွန်လ ၁၀ ရက်တွင် ဆုံးဖြတ်လိုက်ခြင်းသည် ဟောင်ကောင်၏ နဂိုတရားစီရင်စနစ်ကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

တောင်ရင်ကစ်သည် ဇူလိုင် ၁ ရက် ဆန္ဒပြမှုတွင် “ ဟောင်ကောင်လွတ်မြောက်ရေး၊ ငါတို့ခေတ်ရဲ့တော်လှန်ရေး” ဟူသော စာတန်းပါသည့် ဆိုင်းဘုတ်ကို သယ်ဆောင်လာပြီး သူ၏ မော်တော်ဆိုင်ကယ်ကို အရာရှိများရှိသည့် နေရာသို့ မောင်းနှင်လာခဲ့ပြီးနောက် လမ်းပေါ်တွင် ထိုးကြိတ်ခံရကာ ဆိုင်ကယ်လဲကျပြီး အဖမ်းခံရခြင်းဖြစ်သည်ဟု ရဲက ပြောကြားသည်။

အမျိုးသားလုံခြုံရေးဥပဒေ ပထမဦးဆုံး အသက်ဝင်လာသည့်နေ့တွင် အဆိုပါ ဆန္ဒပြမျု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သီးခြားခွဲထွက်ခြင်း၊ နုတ်ထွက်ခြင်း၊ အကြမ်းဖက်မှုနှင့် နိုင်ငံခြားတပ်ဖွဲ့များနှင့် ပူးပေါင်းကြံစည်ခြင်းတို့ကို ပြုလုပ်ပါက အဆိုပါ ဥပဒေအရ ထောင်ဒဏ်တစ်သက်ထိ ချမှတ်နိုင်သည်။

အသက် ၂၄ နှစ်အရွယ် တောင်သည် ဥပဒေသစ်ကို ဆန့်ကျင်ဆန္ဒပြသူ ၃၀ဝ ကျော်အနက် ဖမ်းဆီးခံရသူတစ်ဦးဖြစ်ပြီး ခွဲထွက်ရေးနှင့် အကြမ်းဖက်မှုကို လှုံ့ဆော်ခဲ့သည်ဟု စွဲချက်တင်ခံခဲ့ရသည်။

ဂျူရီလူကြီးများနှင့် မိသားစုဝင်များ၏ ဘေးအန္တရယ်ကင်းရှင်းရေးအတွက် တရားသူကြီး ၃ ဦးက ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလတွင် တရားရေးဝန်ကြီး တယ်ရီဆာချန်က စွဲချက်တင်ရသူ၏ ဥပဒေအဖွဲ့အား ပြောကြားခဲ့သည်။

ယင်းဆုံးဖြတ်ချက်အား တရားစီရင်ရေးအရ ပြန်လည်သုံးသပ်ရန် တောင်က အယူခံဝင်ခဲ့သည်။

တရားရုံးချုပ်မှ တရားသူကြီးအဲလက်စ်လီက လျှောက်ထားချက်ကိုပယ်ချလိုက်ပြီး စာဖြင့်ရေးသားထားသည့် ဆုံးဖြတ်ချက်ထဲတွင် ဂျူရီလူကြီးများနှင့် မိသားစုဝင်များ၏ ဘေးအန္တရယ်ဖြစ်လာနိုင်ခြင်း သို့မဟုတ် တရားစီရင်အုပ်ချုပ်ရေးကို ထိခိုက်စေနိုင်သဖြင့် ဂျူရီလူကြီးများမပါရှိဘဲ တရားသူကြီး သုံးဦးပါဝင်သည့်အစုအဖွဲ့ဖြင့် အမှုစစ်ဆေးခြင်းက ကျိုးကြောင်းမဆီလျော်စရာမရှိကြောင်း ဆိုသည်။

ဂျူရီလူကြီးများ၏ စစ်ဆေးခြင်းသည် ဟောင်ကောင်ဥပဒေရေးရာစနစ်တွင် အရေးအကြီးဆုံးအချက်များအနက်မှ တစ်ချက်ဖြစ်ကြောင်း၊ အစဉ်အလာဥပဒေအရ တရားသူကြီးများ၏ အာဏာကို အလွန်အကျွံသုံးစွဲခြင်းမှ ကာကွယ်ရန်အတွက် တရားစွဲခံရသူ၏ နောက်ထပ်ကာကွယ်မှုပေးရန်အတွက် ဂျူရီလူကြီးမင်းကို ထည့်သွင်းထားခြင်းဖြစ်ကြောင်း ဂျူရီလူကြီးများက ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required