ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်ရှိ စရီနာဂါမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ၆ ရာခိုင်နှုန်း လျော့ကျသွား

ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်ရှိ စရီနာဂါမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ၆ ရာခိုင်နှုန်း လျော့ကျသွား
Photo: EPA

ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်၏ စရီနဂါမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ၉ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့ လျော့ကျသွားသလို ရောဂါမှ ပြန်လည်သက်သာသူအရေအတွက်လည်း တိုးတက်လာကြောင်း နယ်မြေအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ရောဂါဖြစ်ပွားမှုသည် ၉ ဒသမ ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့ လျော့ကျသွားသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“စရီနာဂါမှာ ရောဂါကနေ ပြန်လည်ကောင်းမွန်လာသူ ၉၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး တစ်နို်ငငံလုံးရဲ့ ပျမ်းမျှနှုန်းထက် အနည်းငယ်ပိုပါတယ်” ဟု အဆိုပါ အရာရှိက ပြောကြားသည်။

မေ ၃၀ မှ ဇွန် ၅ ရက်အထိ နေအိမ်တွင်း သီးခြားနေထိုင်ရသူ ၃၁၀၆ ဦးနှင့် ဆေးရုံတွင် နေထိုင်ရသူ ၂၃၈ ဦးရှိခဲ့သည်။

စီရီနာဂါတွင် ရောဂါထိန်းချုပ်ရေးဇုန် ၉၆ နေရာနျင့် အသေးစားဇုန် ၅၆ ခုရှိသည်။ တရားဝင်ကိန်းဂဏန်းများအရ အဆိုပါ မြို့အတွင်း ဇွန်၅ ရက်အထိ ရောဂါကူးစက်ခံရသူ ၆၆၆၄၁ ဦး ရှိသည့်အနက် ၆၂၄၁၃ ဦး ပြန်လည်ကောင်းမွန်ခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ထူထောင်ထားသည့် ကိုဗစ်-၁၉ ကုသရေးစင်တာသည် ကပ်ရောဂါကြောင့် သွားလာမှုကန့်သတ်ထားစဉ်ကာလအတွင်း အဝေးမှ ကျန်းမာရေးကိစ္စဆွေးနွေးခြင်းနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်သူအား အကူအညီပေးရာတွင် များစွာ အထောက်အကူဖြစ်စေခဲ့ကြောင်း တာဝနရှိသူတစ်ဦးက ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly