ဒေါ်အောင်ဆန်းစုကြည် အမှု ၄ မှု စတင်စစ်ဆေး

15 June 2021
ဒေါ်အောင်ဆန်းစုကြည် အမှု ၄ မှု စတင်စစ်ဆေး

စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတချို့ကို နေပြည်တော်မှာ မနေ့တုန်းက ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု တခုချင်းစီကို ရက်( ၁၈၀) အတွင်း အပြီးသတ်စစ်ဖို့ တရားသူကြီးနဲ့သဘောတူညီမှုရပြီးတဲ့နောက်မှာ ဇွန်လ ၁၄ ရက်နေ့ကစပြီးခုလိုစတင်ကြားနာတာဖြစ်ပါတယ်။ မနေ့ရုံးချိန်းမှာတော့ တရားလိုတွေဖက်က ရဲမှူးတွေကို စပြီးစစ်ဆေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်စန်းမာလာညွှန့်ကပြောပါတယ်။    

“ကျမတို့ပေါ့ အမှုနံပါတ် ၃၆နဲ့ ၃၇ပေါ့။ သဘာဝဘေးပုဒ်မ ၂၅လေ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရယ်။ အဲဒါကတရားလိုရဲမှုးမြင့်နိုင်။ သူ့ကိုစစ်တယ်။ တရားလိုကို စစ်လို့ ပြီးတယ် ၂မှုလုံးအတွက်။ အမှုနံပါတ် ၃၈နဲ့ ၄၅ က ထုတ်ကုန်သွင်းကုန်။အမှုနံပါတ် ၄၅  ကဆက်သွယ်ရေးပုဒ်မ အဲဒါက ရဲမှုး ကြည်လင်  အဲဒါကဒေါ်အောင်ဆန်းစုကြည်ပေါ့။ အဲမှာက ရဲမှုး ကြည်လင်ကတရားလို ၂မှုပေါ့။ ဆိုတော့ ၄မှုလုံးကို တရားလိုတွေ အကုန်စစ်လို့ပြီးတယ်။ ကျမတို့ အမှု မစစ်ခင် အကုန်လုံးနဲ့ တွေ့ရပါတယ်။” 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly