တရုတ်မှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရ

တရုတ်မှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရ
Photo - AFP

ဇွန် ၁၃

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ လူနေခြံ၀င်းတစ်ခုမှာ ဇွန်လ ၁၃ ရက်က ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုတစ်ခု ဖြစ်လို့ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ယင်းဖြစ်စဥ် ဖြစ်ပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ရှီယန်းမြို့ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေးဗျူရိုရဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ ဖော်ပြပါတယ်။

မျက်မြင်တွေ့ရှိသူတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ ထိခိုက်ပျက်စီးသွားတဲ့ အဆောက်အအုံနေရာမှာ ကယ်ဆယ်‌ရေးသမားတွေက အသက်ရှင်ကျန်ရစ်သူတွေကို လူနာတင်ထမ်းစင်တွေနဲ့ သယ်ထုတ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီ ပေါက်ကွဲမှုဖြစ်စဥ်ကတော့ ဒေသစံတော်ချိန် မနက် ၆ နာရီ ခွဲလောက်မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံမှာတော့ လုပ်ငန်းခွင် အန္တရာယ်ဘေးကင်းရေး စံနှုန်းတွေ အားနည်းမှု နဲ့ အန္တရာယ်ဘေးကင်းရေး အစီအမံတွေအတိုင်း လိုက်နာစေဖို့ တာ၀န်ယူထားတဲ့ တာ၀န်ရှိသူတွေထဲမှာ အကျင့်ပျက်ခြစားမှုတွေ ရှိနေမှု တို့ကြောင့် စက်မှုလုပ်ငန်း မတော်တဆမှုဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပေါ်ထားခဲ့ပါတယ်။

ယခု ဓာတ်ငွေ့ ပေါက်ကွဲမှုဖြစ်စဥ် မတိုင်မီ တစ်ရက်ကလည်း ကွေ့ယန်းမြို့က ဓာတုစက်ရုံတစ်ရုံကနေ အဆိပ်အတောက် ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူ ရှစ်ဦး သေပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်တစ်ခုလည်း ဖြစ်ပေါ်ထားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required