ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူဘာသာ စုဝေးပွဲတစ်ရပ်သို့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ခြောက်ဦး ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူဘာသာ စုဝေးပွဲတစ်ရပ်သို့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ခြောက်ဦး ဒဏ်ရာရ

ဒါကာ၊ ဒီဇင်ဘာ ၅ ။          ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းရှိ ဟိန္ဒူဘာသာဝင်တို့၏ စုဝေးပွဲတစ်ခုတွင် ဒီဇင်ဘာ ၅ ရက်က ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး ခြောက်ဦးထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သုံးဦးမှာ အရေးပေါ်အခြေအနေသို့ ရောက်ရှိနေကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

ယခင်လက အဆိုပါ ဒေသတွင် အလုပ်လုပ်ကိုင်နေသော အီတလီနိုင်ငံသား ဆရာဝန်တစ်ဦး ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း ယခု တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ အစောပိုင်းက အီတလီနိုင်ငံသားတစ်ဦးနှင့် ဂျပန်နိုင်ငံသားတစ်ဦးတို့ သီးခြားစီတိုက်ခိုက်ခံခဲ့ရပြီး ယင်းလုပ်ရပ်တို့ကို လုပ်ဆောင်ခဲ့ကြောင်း အီရတ်နှင့် ဆီးရီးယားတို့ရှိ အိုင်အက်စ်တို့ကို ပြောဆိုထားသည်။

ယခု နောက်ဆုံးတိုက်ခိုက်မှုသည် မြို့တော်ဒါကာ၏ မြောက်ဘက် ကီလိုမီတာ ၄၁၅ အကွာရှိ ဒီနက်ပူအာ အရပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရာပေါင်းများစွာသော ဟိန္ဒူဘာသာဝင်တို့သည် "Rushmela" ဟု သိကြသော ဘာသာရေးအခမ်းအနားတစ်ရပ်သို့ တက်ရောက်လာစဉ် ဗုံးများပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ကာဟာလာ ရဲဌာနမှ အရာရှိ အဗ္ဘဒူ မာဇစ်က ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ လူငါးဦးကို လည်း ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။ မွတ်ဆလင် အများစုနေထိုင်သော ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူဘာသာရေး စုဝေးပွဲများအပေါ် ယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှုများသည် ကြုံတောင့်ကြုံခဲ ပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly