တရုတ်က ဂျက်တိုက်လေယာဉ် နှစ်ဒါဇင်ခန့်ဖြင့် လေ့ကျင့်မှုကို အိန္ဒိယ အနီးကပ်စောင့်ကြည့်နေ

By ANI
12 June 2021
တရုတ်က ဂျက်တိုက်လေယာဉ် နှစ်ဒါဇင်ခန့်ဖြင့် လေ့ကျင့်မှုကို အိန္ဒိယ အနီးကပ်စောင့်ကြည့်နေ

တရုတ်လေတပ်သည် အရှေ့ပိုင်းလာဒတ်ချ်ဒေသ မျက်နှာချင်းဆိုင် တဖက်ရှိ တရုတ်လေတပ်အခြေစိုက်စခန်းမှ လေယာဉ်များက လေကြောင်းလေ့ကျင့်မှုများပြုလုပ်ခြင်းကို အိန္ဒိယဘက်မှ အနီးကပ်စောင့်ကြည့်လေ့လာခဲ့သည်။

နှစ်နိုင်ငံအကြား စစ်ရေးအကျပ်အတည်းသည် ယခုအခါ တစ်နှစ်ကျော် ကြာမြင့်သွားပြီဖြစ်သည်။

Su-27 တိုက်လေယာဉ်များနှင့် J-16 တိုက်လေယာဉ်များကို ပုံတူကူးချထားသည့် တရုတ် J-11 တိုက်လေယာဉ်များပါဝင်သည့် တရုတ်တိုက်လေယာဉ် ၂၁ စင်း၊ ၂၂ စင်းခန့်သည် အိန္ဒိယပိုင် အရှေ့ပိုင်းလာဒတ်ခ်ဒေသ၏ မျက်နှာချင်းဆိုင် တဖက်တွင် လေကြောင်း လေ့ကျင့်မှုများပြုလုပ်ခဲ့ကြောင်း ANI သို့ စစ်ဖက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

အဆိုပါလေ့ကျင့်ခန်းကို မကြာသေးမီကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယဘက်မှလည်း အနီးကပ် စောင့်ကြည့်ခဲ့သည်ဟု ဆိုသည်။

တိုက်လေယာဉ်မျိုးစုံ လေ့ကျင့်နိုင်ရန်အတွက် အခြေစိုက်စခန်းများတွင်ရှိနေသည့် တိုက်လေယာဉ်များ၏ တည်ရှိခြင်းကို မမြင်နိုင်အောင် ကွန်ကရစ်အဆောက်အအုံများဖြင့် ဖုံးကွယ်ထားနိုင်သည့် နောက်ဆုံးပေါ်

အဆင့်မြှင့်ထားသော ဟိုတန်၊ ဂါဂန်စာနှင့် ကက်ဂါအခြေစိုက်စခန်းများအပါအဝင် အခြေစိုက်စခန်းများတွင် တရုတ်တိုက်လေယာဉ်များက လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည်။

အဆိုပါလေယာဉ်များ ပျံသန်းလေ့ကျင့်နေစဉ် တရုတ်လေယာဉ်များသည် ယင်းတို့၏ ပိုင်နက်နယ်မြေအတွင်းသာ စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ရင်းမြစ်က ဆိုသည်။ ၂၀၂၀ ပြည့်နှစ်မှစ၍ လာဒတ်ခ်ဒေသတွင် အိန္ဒိယတိုက်လေယာဉ်များ၏ လှုပ်ရှားမှုများလည်း သိသိသာသာမြင့်တက်ခဲ့သည်။

ယခုနှစ်နွေရာသီတွင် တရုတ်ကြည်းတပ်များနှင့် လေတပ်များ တပ်ဖြန့်ချထားပြီးနောက် အိန္ဒိယလေတပ်သည် လာဒတ်ခ်တွင် MiG-29s အပါအဝင် ယင်း၏ တိုက်လေယာဉ်၏ တပ်ဆွယ်များအား ပုံမှန် တပ်ဖြန့်ချထား လျက်ရှိသည်။

အိန္ဒိယလေတပ်၏ စွမ်းရည်အကောင်းဆုံး Rafale တိုက်လေယာဉ်များသည်လည်း လာဒတ်ခ်ကောင်းကင်တွင် ပုံမှန်ပျံသန်းလျက်ရှိပြီး၊ ယင်းက ထိန်းချုပ်မျဉ်းတစ်လျှောက်တွင် အိန္ဒိယ၏ စွမ်းရည်ကို တိုးမြှင့်စေခဲ့ကာ၊ အိန္ဒိယတွင် ယင်းလေယာဉ် ၂၄ စင်းရှိနေပြီဖြစ်သည်။

တရုတ်က ပတ်ကုန်ရေကန်ဧရိယာမှ တပ်များ ရုပ်သိမ်းခဲ့သော်လည်း လေယာဉ်များကို ပစ်မှတ်ထားကာ အဝေးမှ လှမ်းပစ်နိုင်သည့် HQ-9 နှင့် HQ-16 အပါအဝင် ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို မရွေ့ပြောင်းသေးကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

အိန္ဒိယသည် ရှင်ကျန်းနှင့် တိဘက်ဒေသရှိ ဟိုတန်၊ ဂါဂန်စာနှင့် ကက်ဂါ၊ ဟိုပင်၊ ဒွန်ကာ ဒီဇုန်း၊ လင်ကျီနှင့် ပန်ဂါ လေယာဉ် အခြေစိုက်စခန်းများအပါအဝင် တရုတ်လေတပ်၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေ သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required