တရုတ်နည်းပညာကုမ္ပဏီများက အသုံးစရိတ် အများအပြား သုံးစွဲမှုကြောင့် အရှုံးများနေ

တရုတ်နည်းပညာကုမ္ပဏီများက အသုံးစရိတ် အများအပြား သုံးစွဲမှုကြောင့် အရှုံးများနေ
Photo: EPA

တရုတ်၏ ထင်ရှားသော Meituan၊ Pinduoduo နှင့် Kuaishou အပါအဝင် ကုမ္ပဏီများသည် ရေတိုအမြတ်အစွန်းထက် ရေရှည်အခွင့်အလမ်းများကို ဦးစားပေးနေသောကြောင့် အသုံးစရိတ် အများအပြား အသုံးပြုခြင်း၏ ရလဒ်အနေဖြင့် ဆက်တိုက်အရှုံးများနေသည်။

ဝေါစထရိဂျာနယ် (WSJ) ၏ အဆိုအရ ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းများ ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ဟောင်ကောင်တွင် စာရင်းသွင်းထားသော စားနပ်ရိက္ခာဖြန့်ဖြူးရေးကုမ္ပဏီ Meituan ၏ ဝင်ငွေသည် ၂၀၂၁ ခုနှစ် ပထမသုံးလတွင် ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆကျော် တိုးလာခဲ့သည်။

သို့သော် အရှုံးငွေသည် အမေရိကန်ဒေါ်လာ ၇၅၀ ဒသမ ၇ သန်းနှင့် ညီမျှသည့် ယွမ် ၄ ဒသမ ၈ ဘီလီယံသို့ မြင့်တက်လာသည်။ အဆိုပါ ပမာဏသည် ကုမ္ပဏီသို့ ဝင်လာသည့် ဝင်ငွေတစ်ဒေါ်လာလျှင် ၁၃ ဆင့်ကျော် ဆုံးရှုံးနေခြင်းဖြစ်သည်။

တရုတ်အများပိုင်ကုမ္ပဏီများနှင့် စတော့ဈေးကွက်တွင် စာရင်းမသွင်းထားသော ကုမ္ပဏီများအပါအဝင် တရုတ်နည်းပညာ ကုမ္ပဏီများသည် ပြိုင်ဖက်များထက် ဈေးကွက်ကို ကြီးစိုးလိုသဖြင့် သူတို့၏ အရောင်းအစီအစဉ်များတွက် ငွေကြေးပိုမိုသုံးစွဲကာ ထောက်ပံ့ကြေးပေးလေ့ရှိသည်။

Meituan နှင့် Pinduoduo တို့၏ စတော့ဈေးနှုန်းများသည် ယခုနှစ် အစောပိုင်းကရရှိခဲ့သည့် အမြင့်ဆုံးဈေးနှုန်းထက် ၃၀ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့သလို၊ Kuaishou သည်လည်း ၅၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး Tencent နှင့် Alibaba ကဲ့သို့သော အင်အားတောင့်တင်းသည့် ယင်းတို့၏ ပြိုင်ဘက်များထက် အခြေအနေ ပိုမိုဆိုးရွားခဲ့သည်။

မကြာသေးမီရက်သတ္တပတ်များအတွင်း တရုတ်နိုင်ငံတွင် နည်းပညာဆိုင်ရာ စတော့ရှယ်ယာများသည် စီးပွားရေးလုပ်ငန်းဟောင်းများအပေါ်အာရုံစူးစိုက်မှုပြောင်းလာခြင်း၊ အတိုးနှုန်းများမြင့်တက်လာခြင်းနှင့် အစိုးရ၏ ယင်းကဏ္ဍအပေါ်ဖိအားပေးမှုများအပါအဝင် အကြောင်းအရင်းများစွာကြောင့် ဖိအားများကြုံ တွေ့ခဲ့ရသည်။

နည်းပညာကုမ္ပဏီများ အရှုံးပေါ်ရခြင်းမှာ တရုတ်နိုင်ငံတွင် လျင်မြန်စွာ ကြီးထွားလာနေသော e-commerce နယ်ပယ်၌ အုပ်စုလိုက်ဈေးဝယ်ယူမှုအတွက် အဓိကကုမ္ပဏီများဖြစ်ရန် ပြိုင်ဆိုင်ခြင်းများကြောင့်ဖြစ်သည်။

၂၀၁၈ ခုနှစ် အများပိုင်ပြုလုပ်ခဲ့သည့်အချိန်မှစတင်၍ Pinduoduo သည် လုပ်ငန်းနယ်ပယ် ၁၂ ခုတွင် ဆုံးရှုံးကြောင်း တွေ့ရှိခဲ့ရသည်။ ၂၀၂၁ ခုနှစ်၏ ပထမသုံးလပတ်တွင် ကုမ္ပဏီ၏ အသားတင်အရှုံးသည် အမေရိကန်ဒေါ်လာ ၄၄၄ သန်းရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly