တရုတ်က အမေရိကန်၏ စစ်ဘက်ဆိုင်ရာ နည်းပညာကို ခိုးယူသလို နောင်တွင် စစ်နည်းဗျူဟာများကိုလည်း ခိုးယူမည်လား

By National Interest
11 June 2021
တရုတ်က အမေရိကန်၏ စစ်ဘက်ဆိုင်ရာ နည်းပညာကို ခိုးယူသလို နောင်တွင် စစ်နည်းဗျူဟာများကိုလည်း ခိုးယူမည်လား

အမေရိကန်၏ စွမ်းရည်ရှိသော နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို ခိုးယူရန် တရုတ်က ကြိုးပမ်းလေ့ရှိခြင်းနှင့် အမေရိကန်ပြည်ထောင်စု၏ ဒီဇိုင်းဖွဲ့စည်းမှုစနစ်နှင့် လက်နက်ပုံစံများကို တရုတ်က ကူးယူခြင်းကို သိရှိထားပြီးဖြစ်သော်လည်း ယခုအခါ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် အမေရိကန်ပြည်ထောင်စု၏ စစ်ဘက်ဆိုင်ရာ တပ်ပေါင်းစုနည်းဗျူဟာစစ်ဆင်ရေးအယူအဆများကို ပုံတူကူးချနေသည့် အရိပ်အယောင်များတွေ့မြင်နေရသည်။

အမေရိကန်စစ်တပ်သည် ရေတပ်သင်္ဘောများပေါ်သို့ စစ်ရဟတ်ယာဉ်များဆင်းသက်ခြင်း၊ ပစိဖိတ်ဒေသတွင် တပ်ပေါင်းစုတပ်ဖွဲ့များ ဖွဲ့စည်းခြင်းနှင့် သမုဒ္ဒရာမှ ပစ်မှတ်များကို ကုန်းမြေမှ လက်နက်များဖြင့် ပစ်ခတ်ခြင်းတို့အတွက် အထူးတပ်ပေါင်းစုတိုက်ခိုက်ရေး လေ့ကျင့်ရေးစစ်ဆင်ရေးများနှင့် စစ်ပြင်ဆင်ရေး နှစ်ပေါင်းများစွာ လေ့ကျင့်မှုများပြုလုပ်ခဲ့သည်။

မြေပြင်-ပင်လယ်ပြင်- ဝေဟင်ကွန်ရက်ကို အခြေခံသည့် ယင်းစစ်ဆင်ရေးအယူအဆသည် ပစ်မှတ်များကို ရှာဖွေခြင်းနှင့် ရှောင်လွှဲခြင်း၊ ပူးတွဲတိုက်ခိုက်စစ်ဆင်ခြင်း၊ တိုက်လေယာဉ်များ၊ တိုက်သင်္ဘောများနှင့် မြေပြင်မှ ပစ်ခတ်ရသည့် အမြောက်တပ်များကဲ့သို့သော တပ်ပေါင်းစုံ၏ အားသာချက်များနှင့် ဂုဏ်သတ္တိများကို ရယူအသုံးပြုခြင်းဖြစ်သည်။

မြေပြင်သုံးလက်နက်အများစုသည် ပင်လယ်ပြင်ရှိ ရွေ့လျားနေသော သင်္ဘောများကို ခြေရာခံရန်နှင့် ဖျက်ဆီးရန်အတွက် လမ်းညွှန်နည်းပညာ၊ အကွာအဝေး၊ ပေါက်ကွဲစေသည့် ပစ္စည်းများပါရှိခြင်းကြောင့် အချို့သောအခြေအနေများတွင် အမေရိကန်စစ်တပ်သည် မြေပြင်ပစ် လက်နက်များကို အသုံးပြု၍ ရေကြောင်း တိုက်ခိုက်မှုပြုလုပ်နိုင်မည့် အလားအလာကို စူးစမ်းရှာဖွေနေသည်။

“ ပစ်မှတ်က မြေပြင် ဒါမှမဟုတ် ပင်လယ်ပြင်မှာဖြစ်နေလဲ မြေပြင်သုံးလက်နက်အတွက်က အရေးမကြီးဘူး” ဟု စစ်ဖက်ဆိုင်ရာ အကြီးတန်း လက်နက်ထုတ်လုပ်သူတစ်ဦးက ဆိုသည်။ မြေပြင်မှပစ်ခတ်နိုင်သောဒုံးကျည်များ၊ ဒုံးပျံများနှင့် အမြှောက်များသည် ကမ်းရိုးတန်းဒေသမှ ပင်လယ် အတွင်းသို့ ပစ်ခတ်နိုင်သည်။

အထူးသဖြင့် ပစိဖိတ်သမုဒ္ဒရာများရှိ ကျွန်းစုများနှင့် ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းဒေသများ၌ သက်ရောက်မှု သိသာ ထင်ရှားစေမည် ဖြစ်သည်။

ယခုအခါ တရုတ်သည် ပစိဖိတ်သမုဒ္ဒရာတွင် တာဝေးပစ်ဒုံးကျည်အမြောက်များဖြင့် ရေကြောင်းပစ်မှတ်အနေအထား အမျိုးမျိုးကို တပ်ပေါင်းစုံပါဝင်သည့် ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း တရုတ်အစိုးရအာဘော် Global Times သတင်းစာက ဖော်ပြသည်။

တရုတ်တပ်ဖွဲ့များသည် PHL-03 တာဝေးပစ် ဘက်စုံသုံး လောင်ချာစနစ်များဖြင့် ကမ်းရိုးတန်းဒေသများမှ ရွေ့လျားနေသည့် ရေကြောင်းပစ်မှတ်များကို ပစ်ခတ်ခဲ့သည်ဟု Global Times သတင်းစာက ဖော်ပြသည်။

ဒရုန်းလေယာဉ်များကွန်ရက်သည်လည်း စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ မြေပြင်အခြေစိုက် ပစ်ခတ်မှု ထိန်းချုပ်ရေးစခန်းသို့ အသေးစိတ်အချက်အလက်များ မပေးပို့မီ ပစ်မှတ်များကို ရှာဖွေရန်နှင့် ခြေရာခံရန်အတွက် ကမ်းခြေရှိ တရုတ်စစ်တပ်က ကင်းထောက်ဒရုန်းများကို အသုံးပြုခဲ့သည်ဟု သတင်းစာတွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required