ဝူဟန်ဓာတ်ခွဲခန်းမှ ဗိုင်းရပ် အထောက်အထားများကို တရုတ်အစိုးရက ဖျက်စီးပစ်နိုင်သည်ဟု ဗြိတိန်ထောက်လှမ်းရေး အရာရှိဟောင်း ပြောကြား

ဝူဟန်ဓာတ်ခွဲခန်းမှ ဗိုင်းရပ် အထောက်အထားများကို တရုတ်အစိုးရက ဖျက်စီးပစ်နိုင်သည်ဟု ဗြိတိန်ထောက်လှမ်းရေး အရာရှိဟောင်း ပြောကြား

ကိုဗစ်-၁၉ ကပ်ရောဂါသည် ဝူဟန်ဓာတ်ခွဲမှ စိမ့်ထွက်လာသည်ဆိုသော အထောက်အထားတစ်စုံတစ်ရာ ရှိခဲ့ပါက တရုတ်အစိုးရက ဖျက်စီးပစ်ခဲ့လိမ့်မည်ဟု ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ MI6 ၏ အကြီးအကဲဟောင်း ဆာရစ်ချက် ဒီယားလက်ခ်က ပြောကြားလိုက်သည်။

လူအများအပြားကိုသေစေနိုင်သည့် သဘာဝ ကိုရိုနာဗိုင်းရပ်စ်ကို ဖန်တီးရန် ဝူဟန်ဗိုင်းရပ်ဗေဒဌာန က စမ်းသပ်မှုများ လုပ်ခဲ့သည်ဆိုသော အချက်ကို သက်သေပြရန် အလွန်ခက်ခဲလိမ့်မည်ဟု ဆာရစ်ချက် ဒီယားလက်ခ်က ပြောကြားခဲ့သည်။

တရုတ်အနေဖြင့် ဗြိတိန်နှင့် အခြားနိုင်ငံများရှိ သိပ္ပံဆိုင်ရာ အဖွဲ့အစည်းများနှင့် ဂျာနယ်လုပ်ငန်းများသို့ ထိုးဖောက်ဝင်ရောက်နေပြီး အနောက်နိုင်ငံများအနေဖြင့် တရုတ်အပေါ် ယုံလွယ်လွန်းသည်ဟု ထင်မြင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

စမ်းသပ်မှုများအကြောင်း ပြောပြလိုသည့် သိပ္ပံပညာရှင်များသည်လည်း နှုတ်ပိတ်ခံခဲ့ရဖွယ်ရှိကြောင်း ၁၉၉၉ ခုနှစ်မှ ၂၀ဝ၄ ခုနှစ်အထိ MI6 ကို ဦးဆောင်ခဲ့သည့် ဒီယားလက်ခ်က The Daily Telegraph ၏ Planet Normal' podcast သို့ ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အစိုးရတစ်ရပ်ဖြစ်ပြီး အတိုက်အခံများကို လုပ်ပိုင်ခွင့်အတွင်းမှ နှုတ်ပိတ်ခြင်းကို လက်ခံနိုင်ဖွယ်မရှိသော၊ အစွန်းရောက်သည့် အပြုအမှုများပြုလုပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

'' ဖြစ်ပျက်ခဲ့တာကို ကျွန်တော်တို့ မသိဘူး၊ ဒါပေမယ့် အချက်အလက် တော်တော်များများက ဖျက်ဆီးခံရဖွယ် ဒါမှမဟုတ် ဖျောက်ဖျက်ခံရဖွယ်ရှိလို့ ကူးစက်ရောဂါဖြစ်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ "မဖြစ်နိုင်တာကို စမ်းသပ်တဲ့ စမ်းသပ်မှုကနေ" ကပ်ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို သက်သေပြဖို့ ခက်ခဲပါလိမ့်မယ် ''

ထိုအကြောင်းကြောင့် ယခုအခါ ဗိုင်းရပ်စ်သည် လူလုပ်ဓာတ်ခွဲခန်းတွင်ပြုလုပ်သည် ဟုတ်မဟုတ်ကို ဆုံးဖြတ်ရန် သိပ္ပံနည်းကျသုတေသနဖြင့် စုံစမ်းရေးသည် ပိုမိုအရေးကြီးလာသည်ဟု ဆာရစ်ချက် ဒီယားလက်ခ်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly