သရက်သီးထုတ်လုပ်မှုတွင် အိန္ဒိယက ထိပ်ဆုံးတွင် ရှိပြီး တရုတ်က ဒုတိယနေရာတွင် ရှိ

သရက်သီးထုတ်လုပ်မှုတွင် အိန္ဒိယက ထိပ်ဆုံးတွင် ရှိပြီး တရုတ်က ဒုတိယနေရာတွင် ရှိ

သရက်သီးရာသီ ရောက်တော့မည်ဖြစ်၍ ဈေးကွက်၌ သရက်သီးအမျိုးမျိုးကို ရှာတွေ့နိုင်သော်လည်း အိန္ဒိယသည် ကမ္ဘာတွင် သရက်သီးအများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်လာကြောင်း အဓိက ဖော်ပြမည်ဖြစ်သည်။

အိန္ဒိယတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀ဝဝ ခန့်ကတည်းက သရက်သီးကို ရှာဖွေတွေ့ရှိခဲ့ပြီး သရက်သီး၏ အဓိကမွေးရပ်မြေဖြစ်သည်ဟုယူဆရပြီး ထိုအချိန်မှစ၍ ယနေ့ကမ္ဘာတွင် နေရာပြန်ရလာခြင်းဖြစ်သည်။

အိန္ဒိယတွင် တွေ့ရသော သရက်သီးများမှာ Deshehari၊ chausa နှင့် alphonso တို့ဖြစ်ပြီး အနောက်နိုင်ငံများက ဝယ်လိုအား အလွန်မြင့်မားသည်။

အိန္ဒိယသည် သရက်သီးထုတ်လုပ်မှုတွင် နံပါတ်တစ်နေရာတွင် ရှိသော်လည်း တရုတ်သည် ဒုတိယနေရာတွင် ရှိနေပြီး အိန္ဒိယ၏အဆင့်အတန်းကို ခြိမ်းခြောက်နေဆဲဖြစ်သည်။

ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်းလုံးတွင် သရက်သီး တန်ချိန် သန်း ၅၀ ထွက်ရှိသည့်အနက် တန်ချိန် သန်း ၂၀ ခန့်မှာ အိန္ဒိယမှဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံသည် သရက်သီးတန်ချိန် ၅ သိန်းကျော် ထုတ်လုပ်နိုင်ပြီး ဒုတိယနေရာတွင်ရှိသည်။

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော သရက်သီးများ၏ အရည်အသွေးသည် အိန္ဒိယနိုင်ငံထက် ပိုမကောင်းသော်လည်း နိုင်ငံတကာဈေးကွက်များတွင် အိန္ဒိယအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly