ကွာလာလမ်ပူတွင် တရားမဝင်လောင်းကစားခြင်းအတွက် တရုတ်နိုင်ငံသား ၄ ဦးကို ဖမ်းဆီး

By ANI
11 June 2021
ကွာလာလမ်ပူတွင် တရားမဝင်လောင်းကစားခြင်းအတွက် တရုတ်နိုင်ငံသား ၄ ဦးကို ဖမ်းဆီး

မလေးရှားနိုင်ငံ၊ ဂျလန်ထွန်ရာဇတ်ခ်ရှိ ကွန်ဒိုမီနီယံလေးခုကို ဝင်ရောက်စီးနင်းပြီးနောက်တွင် လောင်းကစားလုပ်ငန်းများတွင် ဖမ်းမိသူ ၈ ဦးအနက် လေးဦးသည် တရုတ်နိုင်ငံသားများဖြစ်ကြသည်။

ကွာလာလမ်ပူ CID အကြီးအကဲ အကြီးတန်း လက်ထောက်ကော်မရှင်နာ စိုင်ဖူလ်အနူအာ ယူဆော့်ဖ်က သံသယရှိခံရသူများမှာ အသက် ၂၁ နှစ်မှ ၃၁ နှစ်ကြားဖြစ်ပြီး မေလ ၃၁ရက် နေ့လယ် ၄ နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း The Star က ဖော်ပြခဲ့သည်။

“တရုတ်နိုင်ငံသား အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသား နှစ်ယောက်နဲ့အတူ ဒေသခံအမျိုးသမီးလေးယောက်ကို ဖမ်းဆီးထားပါတယ်” ဟု သူက ပြောသည်။

ကွာလာလမ်ပူ CID အကြီးအကဲ အကြီးတန်း လက်ထောက်ကော်မရှင်နာ ယူဆော့်ဖ်က ပြောကြားရာတွင် ကနဦး စုံစမ်းစစ်ဆေးမှုများအရ အဆိုပါလုပ်ငန်းစုသည် တရားမဝင် အွန်လိုင်း လောင်းကစားခြင်းနှင့် ရင်းနှီးမြှုပ်မှုများကို အားပေးအားမြှောက်ပြုခဲ့သည်ဟု ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ ဝင်ရောက်ဖမ်းဆီးတဲ့ ဒီအခန်းတွေက တစ်လကို ရင်းဂစ် ၁၀ဝဝဝ နဲ့ ငှားထားပြီး ဝန်ထမ်းတွေကိုတော့ တစ်လ ရင်းဂစ် ၃၀ဝ၀နဲ့ ၃၅၀ဝ ကြားပေးရတယ်လို့ သိရပါတယ်။ ဒီလုပ်ငန်းက တစ်လကို အမြတ်ငွေရင်းဂစ် ၃၀ဝ,ဝဝဝ ခန့်ရရှိတယ်လို့ ယုံကြည်ပါတယ် "ဟု သူက ပြောသည်။

အများပြည်သူများအား တရားမဝင်လောင်းကစားခြင်းလုပ်ငန်းများတွင် ပါဝင်ခြင်းမပြုရန် သူက သတိပေးခဲ့သည်။

"ကျွန်တော်တို့က ပါဝင်ပတ်သက်သူမည်သူမဆို ပြင်းပြင်းထန်ထန်အရေးယူရပါလိမ့်မယ်" ဟု သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly