တရုတ်နှင့် ဆက်နွှယ်သည့် ဟက်ကာများက နယူးယောက်မြေအောက်ရထားစနစ်ကို ဧပြီလက ပစ်မှတ်ထား တိုက်ခိုက်

By Time of India
11 June 2021
တရုတ်နှင့် ဆက်နွှယ်သည့် ဟက်ကာများက နယူးယောက်မြေအောက်ရထားစနစ်ကို ဧပြီလက ပစ်မှတ်ထား တိုက်ခိုက်
Photo: AFP

တရုတ်နှင့် ဆက်နွယ်နေသော ဟက်ကာအဖွဲ့သည် ဧပြီလက အမေရိကန်ပြည်ထောင်စုရှိ မြို့ပြသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (MTA ) ၏ ကွန်ပျူတာစနစ်များကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး လူသန်းပေါင်းများစွာကို နေ့စဉ်သယ်ယူပို့ဆောင်နေသည့် ကြီးမားလှသည့် သယ်ယူပို့ဆောင်ရေးကွန်ရက်၏ အားနည်းချက်များကို တွေ့ရှိခဲ့သည်ဟု MTA စာတမ်းတွင် ဖော်ပြထားသည်။

ကားရထားများနှင့် စီးသူများ၏ ဘေးကင်းလုံခြုံမှုကို ထိန်းချုပ်သော စနစ်များကိုမူ ဟက်ကာများက လက်လှမ်းမမီခဲ့ဘဲ ထိုးဖောက်ဝင်ရောက်မှုသည် အနည်းငယ်သာ သက်ရောက်မှုရှိခဲ့သည်ဟု ပို့ဆောင်ရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

သို့သော် တိုက်ခိုက်မှုကို လေ့လာပြီး တစ်ပတ်အကြာတွင်မှ ဟက်ကာများသည် လုပ်ငန်းလည်ပတ်မှုစနစ်များသို့ ဝင်ရောက်နိုင်ခဲ့ပြီးနောက် အေဂျင်စီ၏ ကွန်ပျူတာစနစ်များကို နောက်တံခါးမှတစ်ဆင့် ဆက်လက် ထိုးဖောက် ဝင်ရောက်မည်ကို စိုးရိမ်ကြောင်း အရာရှိများက ပြောကြားခဲ့သည်ဟု စာရွက်စာတမ်းတွင် ဖော်ပြထားကြောင်း The Washington သတင်းဖော်ပြခဲ့သည်။

ဧပြီလ ၂၀ ရက်တွင် FBI၊ ဆိုက်ဘာလုံခြုံရေး အခြေခံအဆောက်အအုံအေဂျင်စီနှင့် အမျိုးသားလုံခြုံရေးအေဂျင်စီတို့က ပူးတွဲသတိပေးချက်ထုတ်ပြန်ခဲ့ပြီး ထိုးဖောက်တိုက်ခိုက်ချိန်တွင် မည်သူမှမသိရှိခဲ့ကြောင်း အရာရှိများက ပြောကြားသည်ဟု The Hill သတင်းစာကလည်း တချိန်တည်း ဖော်ပြထားသည်။

ဆိုက်ဘာလုံခြုံရေး အခြေခံအဆောက်အအုံအေဂျင်စီက ပြင်ဆင်မှုများပြုလုပ်ရန် ပြောကြားခဲ့ရာ MTA က ဧပြီလ ၂၁ရက် နံနက်ပိုင်းတွင် အကောင်အထည် ဖော်ခဲ့ကြသည်။

မြို့ပြ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က နည်းပညာဆိုင်ရာစစ်ဆေးမှုပြုလုပ်ရန်အတွက် IBM၊ Mandiant တို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

MTA ၏ စနစ် ၁၈ ခု အနက် ၃ ခုသာ ထိခိုက်ခဲ့ပြီး၊ ဝန်ထမ်းအချက် အလက်များ ဖောက်ဖျက်ခံရခြင်းမရှိဘဲ၊ ကန်ထရိုက်တာများနှင့် သုံးစွဲသူများအပေါ်လည်း အကျိုးသက်ရောက်မှုမရှိခဲ့ပေ။

MTA နည်းပညာအရာရှိချုပ်၏ ထုတ်ပြန်ချက်တွင် ယင်းတိုက်ခိုက်မှုကို အေဂျင်စီက ထိပ်တန်းဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Mandiant နှင့် ပူးပေါင်းပြီး နည်းပညာဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ပြီး လျှင်လျှင်မြန်မြန် တုံ့ပြန်ခဲ့သည်ဟုဆိုသည်။ စစ်ဆေးချက်များအရ လုပ်ငန်းလည်ပတ်မှုစနစ်ကို သက်ရောက်မှုရှိသည့် သက်သေမတွေ့ရကြောင်း၊ ဝန်ထမ်းများနှင့် သုံးစွဲသူများ၏ သတင်းအချက်အလက်များ ချိုးဖောက်ခိုးယူခံရခြင်းမရှိဘဲ၊ စနစ်၏ အချက်အလက်များ ပြောင်းလဲမှု မရှိကြောင်းဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly