ဒီဂျီဘူတီ တွင် တရုတ်က ပထမဆုံး ရေတပ်အခြေစိုက်စခန်း ဆောက်မည်

ဒီဂျီဘူတီ တွင် တရုတ်က ပထမဆုံး ရေတပ်အခြေစိုက်စခန်း ဆောက်မည်

ဂျိုဟန်နက်စ်ဘတ်ဂ်၊ ဒီဇင်ဘာ ၅ ။            ။ အာဖရိက အရှေ့မြောက်ပိုင်းရှိ နိုင်ငံတစ်နိုင်ငံဖြစ်သော ဒီဂျီဘူတီတွင် တရုတ်က ယင်း၏ ပထမဆုံး ရေတပ်အခြေစိုက်စခန်းတစ်ခု   ဆောင်လုပ်သွားမည်   ဖြစ်ကြောင်း အဆိုပါ ဒီဂျီဘူတီ နိုင်ငံခြားရေး ဝန်ကြီးက ဒီဇင်ဘာ ၄ ရက်က ပြောကြားသည်။

အထက်ပါ အစီအစဉ်သည် တရုတ်၏ တစ်စ တစ်စ တိုးချဲ့လာနေသော နိုင်ငံတကာတွင် လုံခြုံရေးစစ်စခန်းများ ဖြန့်ကျက်ထားမှု၏ နောက်ဆုံး အမှတ်လက္ခဏာတစ်ရပ်လည်းဖြစ်သည်။

ဒီဂျီဘူတီ နိုင်ငံသည် အာဖရိက ဦးချိုဒေသ အရှေ့မြောက် ကျွန်းဆွယ်ပိုင်းတွင် တည်ရှိသော မဟာဗျူဟာကျ နိုင်ငံဖြစ်လျက်ရှိရာ ယင်းနိုင်ငံတွင် အမေရိကန်၊ ပြင်သစ် နှင့် ဂျပန်နိုင်ငံများ၏ စစ်ရေးအခြေစိုက်စခန်းများလည်း ရှိထားနှင့် ပြီးဖြစ်သည်။

" ဆွေးနွေးညှိနှိုင်းမှုတွေ အပြီးသတ်နိုင်ခဲ့ပါပြီ၊ တရုတ်က ကျွန်တော်တို့နိုင်ငံမှာ ရေတပ်အခြေစိုက်စခန်း လာရောက်ထားရှိမှာ ဖြစ်ပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်အလီယူဆော့ဖ်က   အေအက်ဖ်ပီသို့ ပြောသည်။

"ဒီလို စစ်စခန်းထားရှိရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ပင်လယ်ဓါးပြတွေကို နှိမ်နင်းဖို့ပဲဖြစ်ပါတယ်၊ နိုင်ငံတွေအားလုံးအတွက် အရေးပါနေတဲ့ ဒီရေလက်ကြားမှာ ဖြတ်သန်းနေရတဲ့ တရုတ်သင်္ဘောတွေ   ဘေးကင်းစေဖို့ ဖြစ်ပါတယ်၊ ကျွန်တော်တို့အတွက်ကတော့ တရုတ်က နောက်ထပ် မဟာဗျူဟာကျ မဟာမိတ်တစ်နိုင်ငံပါ" ဟု ၎င်းက ထပ်လောင်းပြောသည်။

ပြင်သစ်ကိုလိုနီ လက်အောက်ကျရောက်ဖူးသည့် ဒီဂျီဘူတီနိုင်ငံသည် ပင်လယ်နီ နှင့် စူးအက်တူးမြောင်းတို့ သို့ ဝင်ရောက်နိုင်သည့် ရေလမ်းကြောင်းထွက်ပေါက်ကို စောင့်ရှောက်နေရပြီး အိမ်နီးချင်း ဆိုမာလီယာမှ ပင်လယ်ဓါးပြထကြွမှုအပေါ် နှိမ်နင်းရာတွင်လည်း နိုင်ငံတကာရေတပ်က အချက်အချာ နေရာအဖြစ် အသုံးပြုခဲ့ရသည်။

" ပြီးခဲ့တဲ့ နှစ်တွေက ဆိုမာလီယာမှ မငြိမ်သက်မှုတွေ ရှိခဲ့တဲ့အချိန် ဒီဒေသဟာ ပင်လယ်ဓါးပြတွေအတွက် ခိုလှုံရာနေရာဖြစ်ခဲ့ဖုူးပါတယ်" ဟု ယောဆက်ဖ်က ဆိုသည်။

မေလအတွင်းက ဒီဂျီဘူတီ သမ္မတ အစ္စမေးလ် အိုမာဂွီလာ့ နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့ပြီးနောက် တရုတ်က အာဖရိကအတွက် ကန်ဒေါ်လာ ၆၀ ဘီလီယံ ရှိ ချေးငွေနှင့် အကူအညီများ ပေးအပ်သွားမည်ဟု ကြေညာသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly