တရုတ်က ဗင်နီဇွဲလားကို အင်အားကောင်း စစ်လက်နက်ပစ္စည်းများ ပေးအပ်

By ANI
10 June 2021
တရုတ်က ဗင်နီဇွဲလားကို အင်အားကောင်း စစ်လက်နက်ပစ္စည်းများ ပေးအပ်

ဗင်နီဇွဲလားနိုင်ငံ ရေတပ်သည် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအတွက် စိုးရိမ်စရာမဟုတ်သော်လည်း ဒေသတွင်း အင်အားမျှခြေအား အပြောင်းအလဲဖြစ်စေနိုင်မည့် အင်အားကောင်း စစ်လက်နက်ပစ္စည်းများကို ပေးအပ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်းက သမ္မတ နီကိုးလက်စ်မာဒူရိုအစိုးရသည် ရေမိုင် ၁၀၀ အကွာမှပင် ရန်သူ သင်္ဘောများကို ပစ်ခတ်နိုင်သည့် တရုတ်လုပ် ဒုံးကျည်သစ်များ တပ်ဆင်ထားသော စစ်သင်္ဘောများကို ပြသထားသည့် ဝါဒဖြန့်ချိရေး ဗီဒီယိုကို ထုတ်ဖော်ပြသခဲ့ကြောင်း The National Interest တွင် ပီတာစူစီက ရေးသားခဲ့သည်။

မာဒူရိုက ၎င်း၏ နိုင်ငံသည် ကိုယ်ပိုင်လက်နက်များ ထုတ်လုပ်ရန် စီစဉ်နေပြီး အဆိုပါ ရည်ရွယ်ချက်အတွက် စစ်ဖက်နှင့် သိပ္ပံဆိုင်ရာ အထူးစနစ်ကို ထူထောင်ရန် ကြေညာခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံအနေဖြင့် အနောက်နိုင်ငံထုတ် လက်နက်များကို ဝယ်ယူနိုင်ခွင့်မပြုရန် နိုင်ငံတကာက ပိတ်ဆို့အရေးယူခံထားရသည်။

ထို့ကြောင့် ဗင်နီဇွဲလားသည် ၎င်း၏ လက်နက်ကိုင်အင်အားကို ခေတ်မီစေရန် တရုတ်၊ ရုရှားနှင့် အီရန်တို့အပေါ်တွင် အားထားနေရပြီး တရုတ်သည်လည်း ဗင်နီဇွဲလား၏ ရေနံစိမ်းအများစုကို ဝယ်ယူသည့် နိုင်ငံဖြစ်သည်။

ယခင်ကလည်း ဗင်နီဇွဲလားအနေဖြင့် ကိုယ်ပိုင်လက်နက်စက်ရုံ ထူထောင်ရန် ကြိုးပမ်းခဲ့သည်။

မာဒူရို၏ တွစ်တာအကောင့်တွင် ပြသထားသည့် ဝါဒဖြန့်ချိရေး ဗီဒီယိုများသည် ၎င်းတို့နိုင်ငံမှ စစ်သင်္ဘောများမဟုတ်ဘဲ ထိုင်းရေတပ်ဖရီးဂိတ်စစ်သင်္ဘော HTMS Karaburi ပင်ဖြစ်သည်။ တရုတ်အစိုးရက ဗင်နီဇွဲလားသို့ တရုတ်က ဒုံးကျည်များ ပေးနိုင်ခဲ့ဖွယ်ရှိသော်လည်း ယင်းလက်နက်များကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအထိ တပ်ဆင်ထားနိုင်ခဲ့ခြင်း မရှိသော်လည်း ရရှိသည်ဟု ကြေညာခဲ့သည်။

တရုတ်ဒုံးကျည်များကို ဗင်နီဇွဲလားရေတပ်၏ Guaiqueri အဆင့် ကင်းလှည့်ရေယာဉ်များတွင် တပ်ဆင်ခဲ့ဖွယ်ရှိသည်။ ယင်းရေယာဉ်များကို စပိန်တွင် တည်ဆောက်ခဲ့သော်လည်း သင်္ဘောဖျက် ဒုံးကျည်များမပါရှိကြောင်း The National Interest တွင်ဖော်ပြထားသည်။

နိုင်ငံ၏ လက်ရှိစီးပွားရေး ပြဿနာများကြောင့် တရုတ်မှဝယ်ယူထားသော ဒုံးကျည်များအတွက် ဗင်နီဇွဲလားအစိုးရက မည်သို့ပေးနိုင်မည်ဆိုသော မေးခွန်းများလည်း ထွက်ပေါ်ခဲ့သည်။

သို့သော် တရုတ်အစိုးရအနေဖြင့် ဗင်နီဇွဲလားတွင် အများအပြားရှိနေသည့် ရေနံများ လိုအပ်နေသရွေ့ C-802A ဒုံးကျည်များ ရရှိနေဦးမည်ဖြစ်ကာ အမေရိကန်အတွက်လည်း ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required