မိန်းမလျာလို့ စွပ်စွဲခံနေရတဲ့ စီရော်နယ်ဒို

မိန်းမလျာလို့ စွပ်စွဲခံနေရတဲ့ စီရော်နယ်ဒို

စပိန်၊ ဒီဇင်ဘာ ၅ ။          ။ စီရော်နယ်ဒိုရဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းကတော့ တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မိန်းမတွေ ထည်လဲတွဲခဲ့ပြီး ကမ္ဘာပေါ်က မိန်းမအများစု သဘောကျတဲ့ စီရော်နယ်ဒိုဟာ မိန်းမလျာတစ်ယောက် ဖြစ်နေမလားဆိုပြီး စွပ်စွဲခံနေရတဲ့ သတင်းဖြစ်ပါတယ်။

ထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံတွေနဲ့ စီရော်နယ်ဒိုရဲ့ လုပ်ရပ်တွေကလည်း အဲ့ဒီလိုထင်ချင်စရာပါပဲ။ စီရော်နယ်ဒိုဟာ မော်ရိုကို ကစ်ဘောက်ဆင်သမား ဟာရီနဲ့ အချိန်ဖြုန်းဖို့အတွက် လေ့ကျင့်ရေး အစီအစဉ်အပြီးမှာ ပေါင် ၁၄ သန်းတန် ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ မော်ရိုကိုနိုင်ငံကိုသွားခဲ့ပါတယ်။ ပြီးတော့ နောက်တစ်နေ့နံနက် လေ့ကျင့်ရေးကို မီဖို့ ညတွင်းချင်းပဲ ပြန်လာခဲ့ပါတယ်။

ဒီလိုလုပ်ရပ်ကြောင့် ပြင်သစ်ရုပ်သံအစီအစဉ်က အစီအစဉ် ကြေညာသူ ရွိုင်အိုလိုက 'ကျွန်တော်ဆိုရင်တော့ တစ်ပတ်ထဲမှာ မော်ရိုကို ကို သုံးလေးကြိမ် မသွားဖြစ်မှာ သေချာပါတယ်။  

ပွေ့ဖက်ယုယမှုတွေက သူ့ရဲ့ကွင်းအတွင်းခြေစွမ်းကို သက်ရောက်မှုရှိလာပါလမ့်မယ်' ဆိုပြီး ပြောဆိုခဲ့တော့ အထင်လွဲစရာတွေ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဟာရီရဲ့ တွစ်တာက ဓာတ်ပုံစာသားတွေကြောင့် အခြေအနေက ပိုဆိုးသွားရပါတယ်။ ဟာရီက စီရော်နယ်ဒိုကို ရေကူးကန်ဘေးမှာပွေ့ချီထားတဲ့ ဓာတ်ပုံမှာ ပုံစာကို  'လက်ထပ်ပြီးပြီကွာ။ ဟားဟားဟားဟား။ မင်းကိုအမြဲတမ်း ဒီလိုပွေ့ချီထားမယ် ဘရားသား' ဆိုပြီး ဟာရီက ရေးခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ရုရှမော်ဒယ်အီရီနာရှက်ခ်နဲ့ ငါးနှစ်ကြာလက်တွဲခဲ့သူဖြစ်တဲ့အပြင် အရင်က မိန်းမလှများစွာနဲ့ တွဲခဲ့သူဖြစ်ပါတယ်။ သားတစ်ယောက်ရဲ့ဖခင်ဖြစ်သလို လက်ရှိမှာလည်း သူနဲ့ သတင်းထွက်နေတဲ့ မိန်းမတွေ အများအပြားရှိပါတယ်။ ဒါပေမဲ့ ဒီသတင်းကြောင့် စီရော်နယ်ဒိုက ဘာကြီးလဲဆိုပြီး ဖြစ်ကုန်ကြပါပြီ။

စီရော်နယ်ဒိုကတော့ မော်ရိုကိုနိုင်ငံကို ပုံမှန်အတိုင်းပဲ အလည်အပတ်သွားတာလို့ ပြောကြားထားကြောင်း ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။ The Sun ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ စီရော်နယ်ဒိုကို ဆက်သွယ်ခဲ့ရာမှာ အဆက်အသွယ်မရခဲ့ဘူးလို့ ရေးသားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly