အမှားအယွင်းရှိခြင်းကြောင့် တရုတ်နိုင်ငံပြင်ပ၌ တီအန်မင်ရင်ပြင်အား ရှာဖွေမှုကို ပိတ်ခဲ့ကြောင်း Microsoft ပြောကြား

အမှားအယွင်းရှိခြင်းကြောင့် တရုတ်နိုင်ငံပြင်ပ၌ တီအန်မင်ရင်ပြင်အား ရှာဖွေမှုကို ပိတ်ခဲ့ကြောင်း Microsoft ပြောကြား

တရုတ်ဝက်ဘ်ဆိုက်ရှာဖွေမှုများနှင့် ပတ်သက်ပြီး မိုက်ခရိုဆော့ဖ်က အမှားအယွင်း ပြုလုပ်မှုကြောင့် နောက်တစ်ကြိမ် ထပ်မံဝေဖန်ခံနေရသည်။ Motherboard နှင့် The Guardian တို့မှ သတင်းဖော်ပြသည်မှာ အချက်အလက်ရှာဖွေရေး Bing သည် အမေရိကန်၊ ပြင်သစ်နှင့် စင်္ကာပူကဲ့သို့သော နိုင်ငံများမှနေ၍၊ တီအန်မင်ရင်ပြင်ဆန္ဒပြသူ “တင့်ကားလူသား” နှင့်ပတ်သက်သည့် ရှာဖွေမှုအား အမှတ်တမဲ့ ပိတ်ပင်ထားခဲ့သည်ဟု ဆိုသည်။

ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ အဆိုအရ ယင်းပိတ်ပင်မှုသည် မတော်တဆမှားယွင်းချက်ဖြစ်ပြီး လူ့အမှားကြောင့်ဖြစ်သဖြင့် မိုက်ခရိုဆော့ဖ်က ဖြေရှင်းရန်ကြိုးစားနေသည်ဟု ဆိုသည်။ DuckDuckGo ကဲ့သို့သော မိုက်ခရိုဆော့ဖ်မှ လိုင်စင်ရယူထားသော ဆိုက်များတွင်လည်း ရှာဖွေမရခဲ့ပေ။

တရုတ်နိုင်ငံတွင် “တင့်ကားလူသား” ကဲ့သို့သော အဓိကရှာဖွေမည့် စကားလုံးများကို ပိတ်ဆို့ထားနိုင်သည်။

တရုတ်အစိုးရက သဘောမကျသည့် အကြောင်းအရာများဖြစ်သော ဇွန်လ ၄ ရက်တွင် နှစ်ပတ် လည်နေ့ကျရောက်သည့် တီအန်မင်ရင်ပြင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု သို့မဟုတ် ဒလိုင်းလားမားကဲ့သို့သော အကြောင်းအရာများကို ရှာဖွေပါက စိစစ်ပေးရန် တရုတ်အစိုးရနှင့် သဘောတူထားသည့်အတိုင်း တရုတ်နိုင်ငံအတွင်းတွင် Bing ကို မိုက်ခရိုဆော့ဖ်က လုပ်ကိုင်နေရသည်။

ဆင်ဆာလုပ်ခြင်းကြောင့် တရုတ်နိုင်ငံတွင် လုပ်ကိုင်ရေးကို ဂူးဂဲလ်ကဲ့သို့သော ပြိုင်ဖက်များက ငြင်းဆန်ခဲ့သည်။

မိုက်ခရိုဆော့ဖ်အတွက်လည်း ကျေနပ်စရာမကောင်းပေ။ မှားယွင်းမှုက ပိုအာရုံစိုက်စေသလို ဝက်ဘ်ဆိုက်အသုံးပြုသူများအား Bing ဆင်ဆာဖြတ်တောက်မှုသည် တရုတ်နိုင်ငံကို မည်ကဲ့သို့ နိုင်ငံမျိုးဖြစ်သည်ကိုတော့ သိရှိစေသည်။

တရုတ်နိုင်ငံနှင့် တရုတ်ပြည်တွင် စီးပွားရေးလုပ်ကိုင်နေသော ကုမ္ပဏီများအား အမေရိကန်အစိုးရ၏ ဆက်ဆံမှုမှာ ပိုမိုအေးစက်လာနေပြီး ယင်းအချက်သည် မိုက်ခရိုဆော့ဖ်ကုမ္ပဏီက လိုလားချက်နှင့် ဆန့်ကျင်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly