ရင်းနှီးမြှုပ်နှံမှု တားမြစ်ချက်ကို ရုပ်သိမ်းရန် အမေရိကန်ကို တရုတ် တိုက်တွန်း

ရင်းနှီးမြှုပ်နှံမှု တားမြစ်ချက်ကို ရုပ်သိမ်းရန် အမေရိကန်ကို တရုတ် တိုက်တွန်း
Photo: EPA

ဒါဇင်နှင့်ချီသည့် တရုတ်ကာကွယ်ရေးနှင့် နည်းပညာကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများကို ပိတ်ပင်မည့် အမိန့်ညွှန်ကြားချက်အား အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးလိုက်ခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း တရုတ်အစိုးရက ဇွန်လ ၄ရက်က ပြောကြားခဲ့သည်။

ဈေးကွက်ဥပဒေနှင့် မူဝါဒများကို လေးစာလိုက်နာပြီး ရင်းနှီးမြှုပ်နှံမှုများကို ပိတ်ပင်မည့် စာရင်းကို ရုပ်သိမ်းရန် အမေရိကန်ကို တရုတ်တိုက်တွန်းခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်၏ ကာကွယ်ရေး သို့မဟုတ် စောင့်ကြည့်ခြေရာခံသည့် နည်းပညာဏ္ဍနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲခံထားရသည့် တရုတ်ကုမ္ပဏီများသည် အမေရိကန်ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုမပြုရန် တားမြစ်သည့် အမိန့်ညွှန်ကြားချက်ကို အမေရိကန်သမ္မတက လက်မှတ်ရေးထိုးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly