တရုတ်က အပူချိန် သန်း ၁၂၀ ဒီဂရီဆဲလ်စီယပ်အထိ ထုတ်လွှတ်နိုင်သည့် စံချိန်တင် နေအတု ဖန်တီး

By Zee News
08 June 2021
တရုတ်က အပူချိန် သန်း ၁၂၀ ဒီဂရီဆဲလ်စီယပ်အထိ ထုတ်လွှတ်နိုင်သည့် စံချိန်တင် နေအတု ဖန်တီး

ကမ္ဘာစံချိန်တင်နိုင်သည့် အပူချိန်သန်း ၁၂၀ ဒီဂရီဆဲလ်စီယပ်ကို ထိန်းထားနိုင်သည့် “နေအတု” ကို တရုတ်သိပ္ပံပညာရှင်များက ဒီဇိုင်းထွင်လိုက်သည်။

တရုတ်က အဆင့်မြင့် ဒီဇိုင်းပြုလုပ်ထားသော The Experimental Advanced Superconducting Tokamak (EAST) ပေါင်းစပ် ဓာတ်ပေါင်းဖိုသည် နေ၏ အလယ်ဗဟိုအပူချိန်ထက် ၈ ဆခန့် လောင်ကျွမ်းနိုင်သည်။

နေ၏ ဗဟိုချက်သည် ဟီလီယမ်သို့ ဟိုက်ဒရိုဂျင်နျူကလိယပေါင်းစပ်မှုကြောင့် အပူချိန်သန်း ၁၅ ဒီဂရီဆဲလ်စီယပ်တွင် လောင်ကျွမ်းသွားသော်လည်း ယင်းဓာတ်ပေါင်းဖိုသည် ပလာစမာ အပူချိန် သန်း ၁၂၀ ဒီဂရီဆဲလ်စီယပ်စ်တွင် ၁၀၁ စက္ကန့်နှင့် အပူချိန် သန်း ၁၆၀ ဒီဂရီဆဲလ်စီယပ်တွင် စက္ကန့် ၂၀ ကြာမြင့်ခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

တရုတ်သိပ္ပံအကယ်ဒမီ၏ ဟော်ဖေး ရူပဗေဒသိပ္ပံအင်စတီကျူ့တွင်တည်ရှိသည့် ယင်းဓာတ်ပေါင်းဖိုကို အနုမြူပေါင်းစပ်ခြင်းဖြစ်စဉ်ကို ပုံတူကူးယူ ဒီဇိုင်းပြုလုပ်ထားပြီး ယင်းဖြစ်စဉ်သည် နေနှင့် ကြယ်များတွင် သဘာဝအလျောက်တွေ့မြင်နိုင်ပြီး လုံးဝ သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်ပေးသည်။

ယင်းစမ်းသပ်မှုကို သိပ္ပံပညာရှင်နှင့် အင်ဂျင်နီယာ ၃၀ဝ နီးပါး ပါဝင် လုပ်ဆောင်ခဲ့ကြသည်။ ဓာတ်ပေါင်းဖိုတွင် လေဟာနယ်စနစ်၊ RF လှိုင်းနစ်၊ လေဆာရောင်ခြည်ဖြန့်ဖြူးမှုစနစ်နှင့် မိုက်ခရိုဝေ့ဖ်စနစ်တို့ ပါဝင်သည်။

နျူကလီးယားပေါင်းစပ်ဓာတ်ပြုခြင်း စမ်းသပ်မှုကိုပြုလုပ်ခဲ့ခြင်းက စွန့်ပစ်ပစ္စည်းအမြောက်အမြား ထုတ်လုပ်ခြင်းမရှိဘဲ စွမ်းအင်မြင့်မားစွာထုတ်လုပ်နိုင်စေရန်အတွက်ဖြစ်သည်။ လေးလံသော အက်တမ်တစ်ခု၏ နျူကလိယသည် ပိုမိုပေါ့ပါးသော အက်တမ်များ၏ နျူကလိယ နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော အက်တမ်များ၏ နျူကလိယများအဖြစ် ကွဲထွက်သွားသည့် ပုံမှန် နျူကလီးယားပေါင်းစပ်ဓာတ်ပြုမှု့နှင့် မတူကြောင်း Global Times သတင်းစာတွင် ဖော်ပြထားသည်။

လက်ရှိပမာဏအထိ နျူကလီးယားစမ်းသပ်မှုအား လုပ်ဆောင်ခြင်းသည် တရုတ်အနေဖြင့် သန့်ရှင်းသော စွမ်းအင်ရင်းမြစ်ထုတ်လုပ်ရေးသို့ ကူးပြောင်းရန် ပြင်ဆင်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly