သင်္ကန်းကျွန်း လိုင်စင်ရုံးအနီး ပေါက်ကွဲမှု ဖြစ်ပွား

သင်္ကန်းကျွန်း လိုင်စင်ရုံးအနီး ပေါက်ကွဲမှု ဖြစ်ပွား

ဇွန်လ ၉ ရက်

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်း မြို့နယ် လိုင်စင်ရုံးအနီးတွင်ဗုဒ္ဓဟူးနေ့ ည ၁၀နာရီ ၅၅မိနစ်ခန့်က  ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသည်။

" အသံက တော်တော်ကျယ်တယ်။ လိုင်စင်ရုံးနားပေါက်တယ်လို့လဲကြားတယ်။ ညီမတို့ ငမိုးရိပ်ဘက်ကတောင် ကြားရတယ်''ဟု သင်္ကန်းကျွန်း ငမိုးရိပ်ဘက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

အလယ်တန်းကျောင်းအမှတ် (၁)တွင် စစ်သားနှင့်ရဲများ တပ်စွဲထားပြီး ဗုဒ္ဓဟူးနေ့ နေ့လည်က လက်နက်ကိုင်ဆောင်ထားသည့် စစ်သားများမှ ယခင်နေ့ကထက် ပိုတိုးချထားကြောင်း ဒေသခံများက ပြောသည်။ 

လက်ရှိတွင် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာ၌  စစ်ကောင်စီတပ်မှ ဝင်ရောက်စစ်ဆေးနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly