KNO ရဲ့ တပ်မဟာ (၁၀၈) ဖွဲ့စည်းခြင်းအပေါ် KIO/ KIA မှ ကန့်ကွက်ကြောင်းထုတ်ပြန်

KNO ရဲ့ တပ်မဟာ (၁၀၈) ဖွဲ့စည်းခြင်းအပေါ် KIO/ KIA မှ ကန့်ကွက်ကြောင်းထုတ်ပြန်

ဇွန် ၉

ရှမ်းပြည်နယ်( မြောက်ပိုင်း) မုံကိုးနယ်မြေအတွင်း  ကချင်အမျိုးသားအစည်းအရုံး (KNO) မှ ဖွဲ့စည်းလိုက်တဲ့ တပ်မဟာ (၁၀၈)  ကို KIO/ KIA မှ ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် နိုင်ငံတော်နှင့် နိုင်ငံသားများ အားလုံးကိုယ်စား လက်နက်ကိုင် တော်လှန်နေတဲ့ တပ်မတော်ဖြစ်ကြောင်းနဲ့ KIA ကို ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် အခြားကချင်လက်နက်ကိုင်တော်လှန်ရေး တပ်မတော်အဖွဲ့အစည်းကို ထပ်မံဖွဲ့စည်းရန် မလိုအပ်တော့ကြောင်း ရေးသားထားတာပါ။

ထို့အပြင် နိုင်ငံသူ/သားများ နှင့် နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်လိုသူ (ကချင်) မည်သူမဆို KIO/KIA တွင် တာဝန်ထမ်းဆောင်နိုင်ကြောင်းလည်း KIO/ KIA ကဆိုပါတယ်။

ထို့ကြောင့် “ ရှမ်းပြည်နယ်( မြောက်ပိုင်း) မုံကိုးနယ်မြေအတွင်းမှာ  KNO မှ ဖွဲ့စည်းလိုက်သည့်  တပ်မဟာ (၁၀၈) အား ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) မှ အသိအမှတ်ပြု လက်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်လိုက်သည်” ဆိုပြီး ထုတ်ပြန်ချက်မှာရေးသားခဲ့တာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly