ဒေါ်အောင်ဆန်းစုကြည်အမှုများ တခုချင်း ရက် ၁၈၀ တွင်း စစ်မည်

08 June 2021
ဒေါ်အောင်ဆန်းစုကြည်အမှုများ တခုချင်း ရက် ၁၈၀ တွင်း စစ်မည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေကို ရိုးရှင်းတဲ့အမှုတွေအဖြစ် သတ်မှတ်ပြီး တမှုတခုချင်းဆီကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ် စစ်ဆေးဖို့ အကျိုးဆောင်ရှေ့နေတွေဘက်က ညှိ့နိုင်းပြီး တရားသူကြီးဘက်ကလည်း ဒါကို လက်ခံတဲ့အကြောင်း အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ နေပြည်တော် ဇမျူသီရိမြို့နယ် နေပြည်တော် စစ်ကောင်စီဝန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာ မျိုးအောင်တို့ကို မနေ့တုန်းက ရုံးထုတ်ပြီး၊ အကျိုးဆောင် ရှေ့နေတွေက လူကိုယ်တိုင် သီးခြားဆီ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုအများစု စတင်စွဲဆိုတဲ့ရက်အရ၊ အမှုတခုချင်းဆီကို ရက် ၁၈၀ အတွင်း အပြီး စစ်ဆေးမယ်ဆိုရင် တရားလိုဘက်က သက်သေတွေရဲ့ လျှောက်လဲချက်တွေကို လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာ အပြီး စစ်မှာဖြစ်ပြီး အမှုတွေကို လာမယ့် ဇူလိုင်လ ၂၆ ရက်မှာ အပြီးသတ် စီရင်ချက်ချနိုင်အောင် ယျေဘုံယျ သတ်မှတ်လိုက်တယ်လို့လည်း ဦးခင်မောင်ဇော်က ပြောပါတယ်။ ဒါကြောင့် အမှုတွေကို တပတ်ခြား မဟုတ်တော့ဘဲ အပတ်စဉ် တနလာၤနေ့ နဲ့ အဂါၤနေ့တွေမှာ စစ်ဆေးသွားမယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့နဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်းရဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖေါ်ဖို့ အာဆီယံ က မြန်မာစစ်အုပ်ချုပ်ရေးကောင်စီကို တောင်းဆိုလိုက်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly