နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ်မြောက်လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးမှုကို ဒီကနေ့ ဇွန် ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီ့ရုံးချိန်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေနဲ့ပက်သက်လို့ ရက်ပေါင်း ၁၈၀အတွင်း အပြီးပြတ်စစ်ဖို့ သဘောတူခဲ့တယ်လို့သိရပါတယ်။
နောက်ပြီး ထိန်းသိမ်းခံထားရချိန် အသုံးစရိတ်စီစဉ်ပေးဖို့ ရှေ့နေအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က အကူညီတောင်းလိုက်တယ်လို့လဲသိရပါတယ်။
ရုံးချိန်းမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့တို့ နာရီဝက် တွေ့ဆုံ ပြောခွင့် ရတဲ့အချိန် အတိုင်ပင်ခံကပြောလိုက်တာပါ။ ဒီကနေ့ ရုံးချိန်းအခြေအနေနဲ့ပက်သက်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။