ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ်မြောက်လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးမှုနဲ့ပက်သက်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးနှင့်ဆက်သွယ်မေးမြန်းချက်

07 June 2021
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ်မြောက်လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးမှုနဲ့ပက်သက်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးနှင့်ဆက်သွယ်မေးမြန်းချက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ်မြောက်လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးမှုကို ဒီကနေ့ ဇွန် ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ့ရုံးချိန်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေနဲ့ပက်သက်လို့ ရက်ပေါင်း ၁၈၀အတွင်း အပြီးပြတ်စစ်ဖို့ သဘောတူခဲ့တယ်လို့သိရပါတယ်။

နောက်ပြီး ထိန်းသိမ်းခံထားရချိန် အသုံးစရိတ်စီစဉ်ပေးဖို့ ရှေ့နေအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က အကူညီတောင်းလိုက်တယ်လို့လဲသိရပါတယ်။

ရုံးချိန်းမတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့တို့  နာရီဝက် တွေ့ဆုံ ပြောခွင့် ရတဲ့အချိန် အတိုင်ပင်ခံကပြောလိုက်တာပါ။   ဒီကနေ့ ရုံးချိန်းအခြေအနေနဲ့ပက်သက်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly