ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အကျပ်အတည်းအတွက် ဒေသဆိုင်ရာ အစည်းအဝေး ထိုင်းတွင်စတင်

ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အကျပ်အတည်းအတွက် ဒေသဆိုင်ရာ အစည်းအဝေး ထိုင်းတွင်စတင်

ဘန်ကောက်၊ ဒီဇင်ဘာ ၄ ။            ။ နောက်ထပ်လှေစီးဒုက္ခသည်များအကျပ်အတည်းကို တားဆီးရန် ရည်ရွယ်သော ဒေသဆိုင်ရာနိုင်ငံများ၏ ဆွေးနွေးပွဲများပြုလုပ်စဉ် ပုံမှန်မဟုတ်သော ရွှေ့ပြောင်း အခြေချမှုများကို ကိုင်တွယ်ရာတွင် ပူးတွဲအရေးယူဆောင်ရွက်ကြရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာ ၄ တွင် တောင်းဆိုလိုက်သည်။

အများအားဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ရွှေ့ပြောင်းအခြေချသူ ထောင်ပေါင်းများစွာအရေးကို ကိုင်တွယ်ရာတွင် မူဘောင်သဘောတူညီချက်တစ်ခု ရရှိရေးအတွက် အရှေ့တောင်အာရှနိုင်ငံ များမှ ကိုယ်စားလှယ်များက ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။ ၎င်းရွှေ့ပြောင်းအခြေချသူများသည် နှစ်စဉ် ဘင်္ဂလားပင်လယ်အော်နှင့် အန်ဒမန်ပင်လယ်ကိုဖြတ်လျက် အန္တရာယ် များသော ရေလမ်းခရီးကို ဖြတ်သန်းလျက်ရှိသည်။

"ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းအခြေချမှုရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို စီမံထိန်းချုပ်ဖို့ ရှင်းလင်းထိရောက်တဲ့ လုပ်ဆောင်ချက်ယန္တရားတစ်ခုလိုအပ်နေတယ်ဆိုတာ ရှင်းပါတယ်"ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်က ၎င်း၏အဖွင့်မိန့်ခွန်းတွင် ပြောသည်။ "ကတိပြုမှုတွေအတွက် အချိန်က ကျော်လာပါပြီ။ အခုချိန်က အရေးယူဆောင်ရွက်ရမဲ့အချိန်ပါ။ ဒါ့ကြောင့် ဒီကနေ့ဆွေးနွေးမှု ကနိုင်ငံတွေကစတင်အကောင်အထည်ဖော်နိုင်တဲ့ ခိုင်မာပြီး ပန်းတိုင်ကိုဦးတည်တဲ့ အရေးယူဆောင်ရွက်မဲ့ရလဒ်တွေ ပေါ်ထွက်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်"ဟု ၎င်းကဆိုသည်။

ယခုကွန်ဖရင့်မှာ ထိုင်းတွင် လူကုန်ကူးမှုအား နှိမ်နင်းရာမှ ရွှေ့ပြောင်းအခြေချမှု အကျပ်အတည်းပေါ်လာစဉ် မေလက စတင်ခဲ့သော ဆွေးနွေးပွဲများ၏ ဒုတိယအကျော့ဆွေးနွေးပွဲဖြစ်သည်။

နှိမ်နင်းမှုကြောင့် လူကုန်ကူးသူများသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းအခြေချသူ ၄,၀၀၀ခန့်ကို ပင်လယ်ပြင်တွင် စွန့်ပစ်ခဲ့ကြသည်။ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားရေတပ်များက ရွှေ့ပြောင်းအခြေချသူများ၏ လှေများကို ၎င်းတို့၏ရေပိုင်နက်မှ အကြိမ်ကြိမ် နှင်ထုတ်ခဲ့ကြသည်။

အရှေ့တောင်အာရှ၏ ရွှေ့ပြောင်းအခြေချမှုအကျပ်အတည်းအတွက် မြန်မာကို အပြစ်တင်သူများကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက မေလက အစည်းအဝေးတွင် ဝေဖန်ခဲ့သည်။ ရိုဟင်ဂျာနိုင်ငံသားဖြစ်ရေးပြသနာကို ဆွေးနွေးမည်မဟုတ်ဟု မစ္စတာဒွန်က ဒီဇင်ဘာ ၄ တွင်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly