ကမ္ဘာ့ကျန်းမာရေးညီလာခံမှ ပိတ်ပင်ခံရခြင်းအပေါ် ထိုင်ဝမ်က တရုတ်၏ ကြားဝင်စွက်ဖက်မှုကို ရှုတ်ချ

By Just Earth News
06 June 2021
ကမ္ဘာ့ကျန်းမာရေးညီလာခံမှ ပိတ်ပင်ခံရခြင်းအပေါ် ထိုင်ဝမ်က တရုတ်၏ ကြားဝင်စွက်ဖက်မှုကို ရှုတ်ချ

ယခုနှစ်တွင် အွန်လိုင်းမှ တစ်ဆင့် ကျင်းပမည့် ကမ္ဘာ့ကျန်းမာရေး ညီလာခံအား ထိုင်ဝမ်ပါဝင်ခွင့်မရစေရန် တရုတ်ကွန်မြူနစ်ပါတီ (CCP) တာဝန်ရှိသူများက ဖိအားပေး နှောက်ယှက်မှုများကို ထိုင်ဝမ်၏ ပြည်မရေးရာကောင်စီ (MAC) က ကန့်ကွက်ရှုတ်ချလိုက်သည်။

“သမိုင်းကြောင်းအရသော်လည်းကောင်း၊ နိုင်ငံတကာ ဥပဒေအရသော်လည်းကောင်း၊ ရေလက်ကြားတည်ရှိမှု အနေအထားရအရသော်လည်းကောင်း ထိုင်ဝမ်ဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ(PRC) ရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ပါဘူး၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ တစ်ဖက်သတ်ချမှတ်ထားတဲ့ ‘တရုတ်တစ်နိုင်ငံတည်း မူဝါဒ’ ကို ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကုလသမဂ္ဂအထွေထွေ ညီလာခံနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) တို့ရဲ့ သတ်မှတ်ချက်တွေကို CCP က ပျက်ပြားအောင် လုပ်နေပါတယ်။ ထိုင်ဝမ်ကို သေးသိမ်အောင်လုပ်ခြင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက နားလည်မှု လွဲစေအောင် လုပ်ခြင်းကြောင့် ထိုင်ဝမ်ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို အနှောက်အယှက် ဖြစ်စေပါတယ်။ ဒီလို တာဝန်မဲ့တဲ့ လုပ်ဆောင်ချက်တွေဟာ နှစ်ဖက်ဆက်ဆံရေးကို ထိခိုက်စေပါတယ်”ဟုလည်း ပါရှိသည်။

“ကမ္ဘာ့နိုင်ငံတွေက ကိုဗစ်-၁၉ကပ် ရောဂါကို အာရုံစိုက်နေသလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း WHA မှာ ထိုင်ဝမ်ရဲ့ ပါဝင်မှုကို ထောက်ခံနေချိန်မှာ တရုတ်က ဟန့်တား နှောက်ယှက်တာဖြစ်ပါတယ်”ဟု ထုတ်ပြန်ထားသည်။

တရုတ်အစိုးရ၏ ခြိမ်းခြောက်မှုနှင့် ဖိအားတို့ကို ထိုင်ဝမ်က ဂရုစိုက်မည်မဟုတ်ကြောင်းလည်း ကောင်စီက ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly