ဟောင်ကောင်တွင် မိုဘိုင်းဖုန်း သုံးစွဲသူ၏ အချက်အလက်ကို ဖော်ပြရမည့် ဥပဒေပြဌာန်းရန် ပြင်ဆင်

By The Wall Street Journal
06 June 2021
ဟောင်ကောင်တွင် မိုဘိုင်းဖုန်း သုံးစွဲသူ၏ အချက်အလက်ကို ဖော်ပြရမည့် ဥပဒေပြဌာန်းရန် ပြင်ဆင်

ဟောင်ကောင်ပြည်သူများက မိုဘိုင်းဖုန်းနံပါတ်များကိုမှတ်ပုံတင်သည့်အခါ ၎င်းတို့၏အမည်နှင့် အခြားကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖော်ပြပေးရမည့် အစီအစဉ်ကို အစိုးရက ဇွန်လ ၁ ရက်က ထုတ်ပြန်ခဲ့ရာ ယင်းဥပဒေသည် ပြည်သူလူထု၏ လွတ်လပ်ခွင့်ထပ်မံဆုံးရှုံးကာ စောင့်ကြည့်ခံရမည့်အပေါ် စိုးရိမ်မှုများရှိနေသည်။

အဆိုပါ အပြောင်းအလဲသည် ဥပဒေစိုးမိုးရေးအေဂျင်စီများ၏ စုံစမ်းစစ်ဆေးမှုများကို အထောက်အကူပြု စေရန်နှင့် ဟောင်ကောင်တွင် နေထိုင်သူများအား ဖုန်းဖြင့် လိမ်လည်နေသူများအား ကိုင်တွယ်ရန်၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့်အခြား အုပ်စုဖွဲ့ကျူးလွန်သော ရာဇဝတ်မှုများအား ကိုင်တွယ်ရန်အတွက် အကူအညီဖြစ်လိမ့်မည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ယင်းအစီအစဉ်ကို ပြင်သစ်၊ ဂျာမနီနှင့်တောင်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း ၁၅၅ တွင် ဆောင်ရွက်နေသည့် ယင်းအစီအစဉ်သည် ဟောင်ကောင်တွင်လည်း ဖြစ်လာမည်ဟု အရာရှိများက ဆိုသည်။

အမေရိကန်တွင် ကြိုတင်ငွေဖြည့် ဆင်းမ်ကဒ်များ ဝယ်ယူသူများ၏ အထောက်အထားများကို ရယူသည့် ဥပဒေပြဌာန်းထားခြင်း မရှိသေးပေ။

ယခုအစီအစဉ်ကြောင့် ဟောင်ကောင်တွင် အတိုက်အခံများအား ဖိနှိပ်ခြင်း၊ စောင့်ကြည့်ခြင်းများ ပိုမိုဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများမြင့်တက်နေသည်။

တက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံနိုင်ငံရေးသမားများအား ၂၀၂၀ပြည့်နှစ် ဇွန်လက ပြဌာန်းခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်မှုများအတွက် တရားစွဲဆိုရာတွင် ရဲများက ဖုန်းမက်ဆေ့များကို သက်သေအထောက်အထားအဖြစ် အသုံးပြုခဲ့ကြသည်။

၂၀၁၉ခုနှစ်က ဟောင်ကောင်ကို လှုပ်ခတ်စေခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူများစွာ သည် စာတိုပေးပို့သည့် နည်းလမ်းတွင် အမည်ဝှက်များကို သုံးခြင်းနှင့် ဆက်သွယ်ရေးအတွက် ဆင်းမ်ကဒ်အပိုများဝယ်ခြင်းအားဖြင့် ၎င်းတို့၏ မည်သူမည်ဝါဖြစ်သည်ကို ဖုံးကွယ်ခဲ့ကြသည်။

လတ်တလောတွင် ဆင်းမ်ကတ်ဝန်ဆောင်မှုအစီအစဉ်များကို ရယူသုံးစွဲမည်ဆိုပါက ၎င်းတို့၏ အမည်ကိုသာ စာရင်းသွင်းရပြီး၊ လူအများသည် စတိုးဆိုင်များနှင့် အခြားဆိုင်များမှ ကြိုတင်ငွေဖြည့် ဆင်းမ်ကဒ်များကို ဝယ်ယူခြင်း သို့မဟုတ် ငွေဖြည့်နိုင်ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly