အာဆီယံအပေါ် မျော်လင့်ချက်ကုန်သွားပြီလို့ NUG ဒုနိုင်ငံခြားရေးဝန်ကြီးပြော

05 June 2021
အာဆီယံအပေါ် မျော်လင့်ချက်ကုန်သွားပြီလို့ NUG ဒုနိုင်ငံခြားရေးဝန်ကြီးပြော

မဇ္ဈိမ

အာဆီယံဟာ စစ်ကောင်စီတစ်ဖက်တည်းကိုပဲ ထိတွေ့ဆက်ဆံမှုလုပ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ် ဘာမှထိတွေ့ဆက်ဆံမှုလုပ်တာမရှိတဲ့အတွက် အာဆီယံရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်ပြီး မမျှော်လင့်ချက် ကုန်သွားပြီလို့ NUG အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ဇွန်လ ၄ ရက်နေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒသဘောထားကိစ္စ၊ ကိုဗစ် ၁၉ တတိယလိုင်းပြင်ဆင်ဆောင်ရွက်ထားမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေ သတင်းစာရှင်းလင်းပွဲမှာ ဦးမိုးဇော်ဦးက သတင်းထောက်တွေကို ပြောခဲ့တာပါ။

အာဆီးယံအတွင်းမှာပဲ မြန်မာ့အရေး သဘောထားကွဲလွဲမှုတွေရှိနေသလို မြန်မာအထူးကိုယ်စားလှယ် ခန့်အပ် မယ့်အပိုင်းမှာလည်း သဘောထားကွဲလွဲမှုတွေရှိနေတဲ့အတွက် လက်ရှိအချိန်ထိ မြန်မာအထူးကိုယ်စားလှယ် မခန့် အပ်ရသေးဘူးလို့ ဦးမိုးဇော်ဦးက ပြောပါတယ်။

အာဆီယံမှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး တိတိကျကျတိုင်ပင်ဆွေးနွေးထားတဲ့ အစီအစဉ်တွေ ရှိထားပုံမရသလို အာဆီယံဟာ တာဝန်ကျေပွန်ရုံလောက် ဆောင်ရွက်နေတဲ့ သဘောပဲ ယူဆလို့ရတယ်လို့လည်း ဦးမိုးဇော်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ကျင်းပတဲ့ မြန်မာနိုင်ငံအရေး အာဆီယံထိပ်သီး အထူးအစည်းဝေးရဲ့ ဘုံသဘော တူညီချက် (၅) ချက်ထဲက အကြမ်းဖက်မှု အမြန်ဆုံးရပ်တန့်ရေးအချက်ကို စစ်ကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်တာ မရှိသေးသလို တခြားအကြံပြုချက်တွေကိုလည်း တိုင်းပြည်တည်ငြိမ် အေးချမ်းမှ စဉ်းစားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောထားပါတယ်။

အာဆီယံနိုင်ငံတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးရဲ့ ပြောကြားချက် အပြည့်အစုံကို ကြည့်ရအောင်ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required