အာဖရိကဖွံ့ဖြိုးရေးအတွက် ကန်ဒေါ်လာ ဘီလျံ ၆၀ ပေးမည်ဟု တရုတ်သမ္မတကတိပြု

အာဖရိကဖွံ့ဖြိုးရေးအတွက် ကန်ဒေါ်လာ ဘီလျံ ၆၀ ပေးမည်ဟု တရုတ်သမ္မတကတိပြု

ဂျိုဟန်နက်စ်ဘတ်၊ ဒီဇင်ဘာ ၄ ။            ။ အာဖရိကတိုက်ဖွံ့ဖြိုးရေးအတွက် ငွေကြေးထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ဘီလျံ ၆၀ (ပေါင်ဘီလျံ ၄၀ )ကို ၎င်း၏နိုင်ငံက ပေးအပ်မည်ဟု ထိပ်သီးဆွေးနွေးပွဲ တစ်ခုတွင် တရုတ်သမ္မတရှီကျင်ပင်းက အာဖရိကသမ္မတများကို ဒီဇင်ဘာ ၄က ပြောကြားသည်။

ယင်းသို့ပြောကြားမှုက အာရှစီးပွားရေး အင်အားကြီးနိုင်ငံတစ်ခုက တန်းတူရည်တူဆက်ဆံရေးတစ်ခုကို တည်ဆောက်လိုစိတ်ရှိကြောင်း ပြသနေသည်။

ရှီသည် အာဖရိကနိုင်ငံအကြီးအကဲအချို့တက်ရောက်သော တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဖိုရမ်၏ ပူးတွဲသဘာပတိပြုလုပ်ခဲ့ပြီး တရုတ်က တွန်းအားပေးမည့် ကျယ်ပြန့်သည့် အချက် ၁၀ချက်ပါဖွံ့ဖြိုးရေးစီမံကိန်းကို ရှင်းလင်းခဲ့သည်။

"ဒီပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း ၁၀ခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ ဘဏ္ဍာရေးထောက်ပံ့မှုအဖြစ် စုစုပေါင်းအမေရိကန်ဒေါ်လာ ဘီလျံ ၆၀ပေးဖို့ တရုတ်က ဆုံဖြတ်ထားပါတယ်"ဟု ရှီကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly