တရုတ် ဒုံးကျည်လုပ်ငန်း အတားအဆီးများနှင့် ရင်ဆိုင်နေရ

တရုတ် ဒုံးကျည်လုပ်ငန်း အတားအဆီးများနှင့် ရင်ဆိုင်နေရ

အခြား စစ်တပ်များ၏ ဒုံးကျည်သိုလှောင်ထားရှိသည့် ပမာဏထက် တရုတ်ပြည်၏ ဒုံးကျည်အရေအတွက်က အထင်ကြီးစရာကောင်းလှသည်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဒုံးပျံတပ်ဖွဲ့ (PLARF) သည် တရုတ်ပြည်၏ ပဲ့ထိန်းဒုံးကျည်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ထားရသလို သမားရိုးကျနှင့် နျူကလီးယားလက်နက်များတွင် အကွာအဝေးမျိုးစုံ ပစ်ခတ်နိုင်သည့် လက်နက်များကို ပိုင်ဆိုင်ထားသည်။

သို့သော် ပဲ့ထိန်းဒုံးကျည်နယ်ပယ်တွင် တရုတ်သည် ကမ္ဘာ့က ထင်မှတ်ထားသကဲ့သို့ တီထွင်နိုင်စွမ်း မရှိသလို၊ ဟန့်တားခြင်းမပြုနိုင်သော တပ်ဖွဲ့တစ်ခုမဟုတ်ပေ။

DF-21D သင်္ဘောပစ် ပဲ့ထိန်းဒုံးကျည်၊ DF-26 တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်နှင့် DF-41 တိုက်ချင်းပစ် ဒုံးကျည်များမှာ တရုတ်နိုင်ငံ၏ နောက်ဆုံးပေါ် သို့မဟုတ် သေစေလောက်သော လက်နက်များဖြစ်သည်။

အထူးသဖြင့် DF-21D “carrier killer” ဒုံကျည်ပေါ်ထွက်လာခြင်းကြောင့် တရုတ်နိုင်ငံသည် ဒုံးကျည်ထုတ်လုပ်မှုကို အလေးထားကြောင်း တွေ့ရှိရကာ ကမ္ဘာတွင် ယင်းကဲ့သို့သော လက်နက်များ တပ်ဆင်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။

ဒုံးပျံတပ်ဖွဲ့၏ တပ်မဟာများ တိုးတက်မှုသည် အရှိန်မြှင့်လာခဲ့ပြီး ၂၀၁၇ ခုနှစ် မေလတွင် တပ်မဟာ ၂၉ ခု ရှိခဲ့ရာမှ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလတွင် ခန့်မှန်းခြေ ၄၀ အထိတိုးလာသည်။

စမ်းသပ်မှုနှုန်းသည် အလွန်မြင့်မားခဲ့ပြီး အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဦးစီးဌာန၏ တရုတ်ပြည်သူ့တပ်မတော်နှင့် ပတ်သက်သည် ၂၀၂၀ အစီရင်ခံစာတွင် ဖော်ပြထားသည်မှာ ''၂၀၁၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် စမ်းသပ်ခြင်းနှင့် လေ့ကျင့်ခြင်းအတွက် ပဲ့ထိန်းဒုံးကျည်များကို အခြားကမ္ဘာ့နိုင်ငံများထက် ပိုမိုပစ်လွှတ်ခဲ့သည်''ဟု ဆိုသည်။

သို့သော် တရုတ်၏ ဝါဒဖြန့်မှုက ယင်း၏ စစ်ရေးစွမ်းရည်ကို အမွှန်းတင်ပြောကြားသော်လည်း တရုတ်ပြည်သူ့ တပ်မတော်အနေဖြင့် အဖွဲ့အစည်းပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ ကန့်သတ်ချက်များက ပဲ့ထိန်းဒုံးကျည်အသစ်များ ထုတ်လုပ်မှုကို နှောင့်နှေးစေသည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်ကာကွယ်ရေးအသိုင်းအဝိုင်းကို ထောက်ပံ့ပေးနေသော မက်စ်ဝဲလေတပ် အခြေစိုက်စခန်းတွင် တည်ရှိသည့် လေကြောင်းတက္ကသိုလ်သုတေသနဌာနဖြစ်သော တရုတ်အာသာ သပညာရပ်ဆိုင်ရာ လေ့လာမှုအင်စတီကျူ့(CASI) က တရုတ်နိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်စက်မှုလုပ်ငန်းခေါင်းစဉ်ဖြင့် အစီရင်ခံစာထုတ်ဝေခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required