တရုတ်လေကြောင်းရန် ကာကွယ်ရေးစနစ်သည် ရုရှား၏ S-400 ထက် စွမ်းဆောင်ရည်နိမ့်

တရုတ်လေကြောင်းရန် ကာကွယ်ရေးစနစ်သည် ရုရှား၏ S-400 ထက် စွမ်းဆောင်ရည်နိမ့်

တရုတ်သည် S-400s သို့မဟုတ် S-300 ကဲ့သို့သော ဆိုဗီယက်ပုံစံကာကွယ်ရေးစနစ်များကို ရယူခဲ့ပြီး ခေတ်မီပုံစံအဖြစ် တီထွင်ထုတ်လုပ်ခဲ့သော်လည်း ယခင်ရုရှားထုတ်ကုန်များထက် စွမ်းဆောင်ရည် နိမ့်ကျနေသည်။

HQ-9 သည် မူရင်း S-400s သို့မဟုတ် S-300PMUs များနှင့် နှိုင်းယှဉ်နိုင်စွမ်းမရှိသောကြောင့် ရုရှားကလည်း စိုးရိမ်ခြင်းမရှိပေ။

တရုတ်ထုတ်ကုန်များသည် ရုရှားနှင့် နှိုင်းယှဉ်ပါက များစွာ အရည်အသွေးနိမ့်ကျကြောင်း National Interest တွင် သတင်းဖော်ပြထားသည်။

HQ-9 သည် တရုတ်၏ ပထမဆုံးတာဝေးပစ် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်ဖြစ်သည်။ ပုံစံအားဖြင့် ယင်းသည် S-300 နှင့်ဆင်တူပြီး ကြီးမားသည့် မျက်နှာပြင်ပြားရေဒါများကို အသုံးပြုထားကာ ကြီးမားသော ဒုံးကျည်ကို လောင်ချာအတွင်းမှ ပစ်လွှတ်မည်ဖြစ်သည်။

သို့သော် ၁၉၅၀ ပြည့်နှစ်များအတွင်း တရုတ်-ဆိုဗီယက်တို့ ဆက်ဆံရေးပြတ်ပြီးနောက် ဆိုဗီယက်ယူနီယံမှ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များဖွံ့ဖြိုးရေးအတွက် အကူအညီများစွာ မရရှိခဲ့ပေ။

အုပ်စုကွဲနေချိန်တွင် တရုတ်၏တစ်ခုတည်းသော တာဝေးပစ် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်မှာ S-75 (SA-2) ဖြစ်သည်။ HQ-61 နှင့် HQ-6 ကဲ့သို့သော တာတိုပစ်နှင့် တာလတ်ပစ် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်အမျိုးမျိုးကို ဆက်လက်ထုတ်လုပ်ခဲ့သည်။

သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များက တရုတ်က ယင်း၏စစ်တပ်ကို အလုံးစုံခေတ်မီအောင်လုပ်ခဲ့စဉ်ကပင် Patriot သို့မဟုတ် S-300 ကဲ့သို့သော ရွှေ့ပြောင်းလွယ်သော တာဝေးပစ် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ မရှိခဲ့ဘဲ၊ ယင်းနှစ်မျိုးကို ၁၉၈၀ ပြည့်နှစ်များက အမေရိကန်နှင့် ရုရှားတို့က စတင်အသုံးပြုခဲ့သည်။

National Interest ၏အဆိုအရ အဆိုပါဒုံးကျည်များ (S-400s သို့မဟုတ် S-300) တို့သည် သိသာထင်ရှားသည့် reverse engineering ပညာရပ်နှင့် ဖြေရှင်းချက်များကို အသုံးပြုပြီး HQ-9 ဒုံးကျည်ကို ပြည်တွင်းတွင် ထုတ်လုပ်ခဲ့သည်။

တရုတ်အရင်းအမြစ်များက တရုတ်အင်ဂျင်နီယာများပင် HQ-9 ကို တီထွင်ခဲ့ကြသည်ဟု ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required