ကိုရိုနာဗိုင်းရပ်စ်၏ မူလဇစ်မြစ်ဆိုင်ရာ အချက်အလက်အားလုံးကို ထုတ်ပြန်ရန် WHO ကို အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်ကောင်စီက တောင်းဆို

ကိုရိုနာဗိုင်းရပ်စ်၏ မူလဇစ်မြစ်ဆိုင်ရာ အချက်အလက်အားလုံးကို ထုတ်ပြန်ရန် WHO ကို အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်ကောင်စီက တောင်းဆို

ကိုရိုနာဗိုင်းရပ်စ်၏ မူလအစသည် ပင်လယ်စာဈေးမှမဟုတ်ဘဲ ဝူဟန် ရှိဓာတ်ခွဲခန်းမှဖြစ်သည်ဟု နိုင်ငံအားလုံးကလည်း ယုံကြည်လက်ခံထားသောကြောင့် အဆိုပါ ဗိုင်းရပ်နှင့် ပတ်သက်သည့် သိပ္ပံဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာအချက်အလက်အားလုံးကို သတင်းထောက်များအား ထုတ်ပြန်ပေးရန် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်ကောင်စီ (ICJ) က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) တိုက်တွန်းလိုက်သည်။

ICJ ဥက္ကဌ ဒေါက်တာ အဒစ်ချ် အက်ဂါဝါလာက WHO ညွှန်ကြားရေးမှုးချုပ်ထံသို့ ပေးပို့သည့်စာတွင် ကိုဗစ်-၁၉ ကဲ့သို့သော နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုနှင့် ပတ်သက်ပြီး နိုင်ငံအသီးသီးက ဖြစ်ပေါ်လာသော အခြေအနေများနှင့် ပတ်သက်၍ အလွန်စိတ်သောက ရောက်ခြင်းနှင့် စိုးရိမ်ပူပန်မှုများစွာ ရှိကြောင်း ပြောကြားခဲ့သည်။

ယင်းကြောက်စရာကောင်းသည့် ဗိုင်းရပ်စ်က ဓာတ်ခွဲခန်းမှ ပျံ့နှံ့သွားသည်ဆိုသည့် သိပ္ပံပညာ၊ ဆေးဘက်ဆိုင်ရာနှင့် သတင်းဖော်ပြမှုများက စိုးရိမ်ပူပန်မှုများကို ဖြစ်စေကြောင်းလည်း ပြောကြားထားသည်။

ကိုဗစ်-၁၉ သည် တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်ရှိ ဈေးတစ်ခုမှ အစပြုသည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း ယင်းသတင်းအား ကမ္ဘာကြီးကို အချိန်နှင့်တပြေးညီ အကြောင်းကြားခြင်း မရှိကြောင်း အဆိုပါစာတွင် ထောက်ပြပြောဆိုခဲ့သည်။

ကမ္ဘာကြီးကို ကြိုတင်သတိပေးရန် တာဝန်ရှိသည့် အာဏာပိုင်များက ထိုသို့မပြုလုပ်ခဲ့ကြခြင်းက ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော လူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

“ အာဏာပိုင်တွေရဲ့ လျစ်လျူရှုမှုတွေနဲ့ ဒီကာလအတွင်းမှာ WHO က စိုးရိမ်မှုမဖော်ပြခြင်းက ကျွန်တော်တို့ကို အရမ်းနာကျင်စေတယ်” ဟု သူက ဆိုသည်။

SARS ကိုရိုနာဗိုင်းရပ်စ်များသည် မျိုးရိုးဗီဇလက်နက်များခေတ်သစ် ဖြစ်ကြောင်းနှင့် လူမှတစ်ဆင့်ကူးစက်သည့် ဗိုင်းရပ်စ်အဖြစ် အသွင်းပြောင်းနိုင်ကြောင်း တရုတ်သိပ္ပံပညာရှင်များနှင့် ကျန်းမာရေးအရာရှိများက ကူးစက်ရောဂါမတိုင်မီ ၂၀၁၅ ခုနှစ်က ပြုစုထားသည့် အစီရင်ခံစာကို သြစတြေးလျက မကြာသေးမီက ထုတ်ပြန်လိုက်ပြီးနောက် ဒေါက်တာ အဒစ်ချ် အက်ဂါဝါလာက WHO အပေါ် ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ယင်းအစီရင်ခံစာတွင် ဗိုင်းရပ်စ်သည် လူလုပ်ဗိုင်းရပ်စ်ဖြစ်ပြီး၊ ဓာတ်ခွဲခန်းမှထုတ်လုပ်လိုက်ခြင်းဖြစ်ကာ တရုတ်အစိုးရအနေဖြင့် အလားတူလက်နက်များ ထပ်မံသုံးစွဲရန် အစီအစဉ်ရှိသည်ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required