စင်ကာပူမှာ မမျိုးဥအအေးခံခြင်းကို တားမြစ်ချက်ကြောင့် ပြည်ပ သွားရောက်တဲ့ အမျိုးသမီးဦးရေ များပြားလာ 

စင်ကာပူမှာ မမျိုးဥအအေးခံခြင်းကို တားမြစ်ချက်ကြောင့် ပြည်ပ သွားရောက်တဲ့ အမျိုးသမီးဦးရေ များပြားလာ 
Photo - AFP

ဇွန် ၄

မအားမလပ်အောင် အလုပ်လုပ်ကိုင်ကြရတဲ့ အခြေအနေကြောင့် စင်ကာပူက ပြည်သူတွေအတွက် မိသားစုတစ်ခု စတင်တည်ထောင်ရေး အချိန်တစ်ခု ပေးနိုင်ဖို့ အခွင့်အရေး နည်းပါးရပါတယ်။  

ဒီလိုကြားက မမျိုးဥ အအေခံခြင်းကို တားမြစ်ထားတာကြောင့် အသက်ကြီးပိုင်းမှ ကလေးယူလိုတဲ့ အီရီကာအတွက် တားမြစ်ချက်ကို ရှောင်လွှဲနိုင်ဖို့ ပြည်ပမှာ သွားရောက်ပြီး မမျိုးဥ အအေးခံဖို့ကို ဆုံးဖြတ်လုပ်ကိုင်ခဲ့ရတော့တာ ဖြစ်ပါတယ်။ 

အလုပ်များတဲ့ မြို့ပြနိုင်ငံ စင်ကာပူက ပြည်သူတွေဟာ ကလေးယူဖို့ အချိန်ဆွဲလာကြရပြီး ဒီအတွက် ပြည်ပမှာ မမျိုးဥ အအေးခံတဲ့ အမျိုးသမီးဦးရေဟာ များပြားလာပါတယ်။ 

လက်ရှိကာလမှာတော့ ကမ္ဘာမှာ မွေးဖွားနှုန်း အနိမ့်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နေရာကနေ ရုန်းထွက်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေကို ပယ်ဖျက်ဖို့ အာဏာပိုင်တွေကို တောင်းဆိုမှုတွေ မြင့်တက်လာခဲ့ပါပြီ။ 

“ဒီမှာ အမျိုးသမီးတွေအတွက် အတော်ကို တရားမမျှတဘူး”လို့ နာမည်လွှဲပြီးပြောတဲ့ အီရီကာက မျိုးဥအအေးခံတာကို တားမြစ်တဲ့ လက်ရှိ မူဝါဒနဲ့ ပတ်သက်ပြီး ပြောပါတယ်။  

“အဲဒီ ပေါ်လစီကြောင့် အမျိုးသမီးတွေဟာ အသက် ၄၀ ပိုင်းမှ ကလေးယူမယ်ဆိုတဲ့ အခွင့်အရေး မရှိတော့ဘူး၊ ဒါကြောင့် အမျိုးသမီးတွေဟာ အချိန် မရှိဘူး၊ အသက် ၃၀ ပိုင်းမှာ ကလေးယူမှပဲ ဖြစ်တော့မယ်ဆိုတဲ့ စိတ်သဘောထားတွေ ဖြစ်လာရတယ်”ဆိုပြီး အသက် ၄၁ နှစ်ရှိ အီရီကာက ဆိုပါတယ်။ 

စင်ကာပူနိုင်ငံရဲ့ ဖွားသေနှုန်းထားဟာ ပြီးခဲ့တဲ့နှစ်က သမိုင်းဝင် နိမ့်ဆင်းမှုအဖြစ် အမျိုးသမီးတစ်ဦးကို ကလေး ၁ ဒသမ ၁ ဦးနှုန်း မွေးဖွားနှုန်းရှိခဲ့တာကြောင့် ကမ္ဘာ့ပျမ်းမျှနှုန်းထား ၂ ဒသမ ၄ ဦးနှုန်းထက်စာရင် အတော်လေး နည်းပါးကျဆင်းနေပါတယ်။ 

မွေးဖွားနှုန်း ပြန်မြင့်တက်အောင် ကလေးမွေးဖွားရင် ငွေသားဆုကြေး ပေးတာနဲ့ လက်ထပ်ပြီး စုံတွဲတွေအတွက် မီးဖွားစရိတ် ပေးတာစတဲ့ အားပေးမြှင့်တင်တဲ့ လုပ်ငန်းစဉ်ကို ဆယ်စုနှစ်တွေကြာ အာဏာပိုင်တွေက လုပ်ဆောင်နေတဲ့ကြားကပဲ ခုလို မွေးဖွားနှုန်း ကျဆင်းနေတော့တာ ဖြစ်ပါတယ်။ 

မျိုးဥ အအေးခံခြင်းဟာ မွေးဖွားနှုန်း မြှင့်တင်ရာမှာ အကူအညီ ဖြစ်စေလိမ့်မယ်လို့ လိုလားထောက်ခံသူတွေက ပြောကြပေမယ့် အာဏာပိုင်တွေကတော့ ကင်ဆာကုသမှု ခံယူနေရတဲ့ အမျိုးသမီးတွေလို ကျန်းမာရေးအခြေအနေအရပဲ မမျိုးဥ အအေးခံတာကို ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly