အမေရိကန်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

အမေရိကန်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်းကင်သည် အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ် ဂျိုင်းရှန်ခါနှင့် ဝါရှင်တန်တွင် တွေ့ဆုံခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ သက်သာလျော့ပါးရေး၊ ၄ နိုင်ငံ ညွန့်ပေါင်းအဖွဲ့ဖြစ်သော QUAD မှတဆင့် အင်ဒို-ပစိဖိတ်ဒေသတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးကြိုးပမ်းမှုများအပါအဝင် ကျယ်ပြန့်သော ပြဿနာရပ်များကို မေလ ၂၈ ရက်က ဆွေးနွေးခဲ့ကြသည်။

QUAD သည် အိန္ဒိယ၊ အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျ ပါဝင်သော လုံခြုံရေးမဟာမိတ်အဖွဲ့ဖြစ်သည်။ အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ် ဂျိုင်းရှန်ခါသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်းကင်နှင့် သူ၏ ၅ရက်ကြာအမေရိကန်ခရီးစဉ်အတွင်း တွေ့ဆုံခဲ့ပြီး၊ ဇန်နဝါရီလတွင် သမ္မတဂျိုးဘိုင်ဒင် အာဏာရပြီးချိန်မှစ၍ အမေရိကန်သို့ ရှန်ခါ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

"ကိုဗစ်-၁၉ သက်သာလျော့ပါးရေးကြိုးပမ်းမှုများ၊ အိန္ဒိယ - တရုတ်နယ်စပ်အခြေအနေနှင့် အာဖဂန်နစ္စတန်ကို မိမိတို့၏ထောက်ခံမှုများအပါအဝင် ဒေသဆိုင်ရာလုံခြုံရေးနှင့် ဦးစားပေးရမည့် စီးပွားရေးကိစ္စရပ်များကို ဒေါက်တာ အက်စ် ဂျိုင်းရှန်ခါနှင့် ယနေ့နေ့လယ်က အကျိုးဖြစ်ထွန်းသော ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ နှစ်နိုင်ငံစလုံးနှင့် သက်ဆိုင်သည့် ယင်းကိစ္စရပ်များကို မိတ်ဆွေအဖြစ် အတူပူးပေါင်းဖြေရှင်းကြမည်" ဟု ဘလင်ကင်က တွစ်တာတွင်ရေးသားခဲ့သည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးအား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံခြားရေးဌာနတွင် ကြိုဆိုခဲ့ပြီး အမေရိကန်နှင့် အိန္ဒိယတို့ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံသော မဟာဗျူဟာမိတ်ဖက်ပူးပေါင်းမှုကို တိုးမြှင့်ရေးအတွက် ကတိကဝတ်များကို ဘလင်းကင်က ထပ်မံပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ၂ ဦး တို့သည် ကိုဗစ်-၁၉ ရောဂါ လျော့ပါးသက်သာရေး၊ QUAD မှတစ်ဆင့် အင်ဒို - ပစိဖိတ်ဒေသတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး၊ ရာသီဥတုအကျပ်အတည်းကိုဖြေရှင်းရေးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပါဝင်ရေးအပါအဝင် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများအတွက် ဆွေးနွေးခဲ့ကြသည်။ "ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အစောပိုင်းကလည်း အမေရိကန်နှင့် အိန္ဒိယတို့သည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် “တစ်သားတည်း” ရှိကြောင်း သတင်းထောက်များကို ဘလင်းကင်က ပြောကြားခဲ့သည်။

ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာပြည်တွင် အာဏာသိမ်းမှုနှင့် အာဖဂန်နစ္စတန်ကို ဆက်လက်ပံ့ပိုးရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

“အန်တိုနီဂျေ ဘလင်းကင်နှင့် ဂျိုင်းရှန်ခါတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာပြည်တွင် အာဏာသိမ်းမှုနှင့် အာဖဂန်နစ္စတန်ကို ဆက်လက်ပံ့ပိုးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေ ဘလင်းကင်နှင့် ဂျိုင်းရှန်ခါတို့သည် စီးပွားရေးနှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ဦးစားပေးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ကြသည်” ဟု ထုတ်ပြန်ချက်က ထပ်လောင်းဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required