ဂျပန်ကုမ္ပဏီက ဆေးကြောနိုင်သော ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းကို ထုတ်လုပ်

ဂျပန်ကုမ္ပဏီက ဆေးကြောနိုင်သော ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းကို ထုတ်လုပ်

တိုကျို၊ ဒီဇင်ဘာ ၄ ။            ။ စမတ်ဖုန်းပေါ်မှ မြင်မကောင်းသည့် အစွန်းအကွက်နှင့် အညစ်အကြေးများ၊ ဘက်တီးရီးယားများကြောင့် စိတ်ညစ်နေပါသလား။ ယင်းပြသနာကို ဖြေရှင်းလိုက်ပြီဟု ဂျပန်ကုမ္ပဏီတစ်ခုကဆိုသည်။ ၎င်းတို့၏ စမတ်ဖုန်းမှာ ရေ၊ ဆပ်ပြာတို့ဖြင့် ဆေးကြောနိုင်သော ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းဟု ပြောသည်။

ရေလုံစမတ်ဖုန်းများ ဈေးကွက်သို့ရောက်သည်မှာ ခေတ္တမျှသာရှိသေးသည်။ သို့သော်လည်း ၎င်းတို့၏ စမတ်ဖုန်းသစ် Dingo rafre မှာ လာမည့်သီတင်းပတ်တွင် စတင်ရောင်းချမည်ဖြစ်ပြီး ဆပ်ပြာဖြင့် ဆေးကြောနိုင်သည့် တစ်ခုတည်းသော ဖုန်းဟု KDDI ဆက်သွယ်ရေးကုမ္ပဏီကဆိုသည်။ "ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ခံနိုင်ရည်ကို စမ်းသပ်ဖို့ ဖုန်းကို အကြိမ် ၇၀၀ကျော် ဆေးကြောခဲ့ပါတယ်" ဟုကုမ္ပဏီမှ ပြောခွင့်ရအမျိုးသားတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ဖုန်း၏အရည်အသွေးကို သက်သေပြရန် ရည်ရွယ်သော အွန်လိုင်းမှ ကြော်ညာတစ်ခုတွင် ကလေးငယ်တစ်ဦးက ဖုန်းကို အချဉ်ရည်များဆမ်းထားသော အစားအသောက်ပန်းကန်ပေါ်သို့ ဖုန်းကို လွှတ်ချပြခဲ့သည်။ ကလေးငယ်၏ မိခင်က လန့်သွားသော မိသားစုကို စိုးရိမ်စရာမလိုကြောင်းပြောပြီး ဘုံဘိုင်းခေါင်းအောက်တွင် ဖုန်းကို ဆပ်ပြာဖြင့် ဆေးကြောပြလိုက်သည်။

ယန်း ၂၁,၆၀၀(အမေရိကန်ဒေါ်လာ ၁၇၅)တန် ယင်းဖုန်းကို ၎င်းတို့၏ ကလေးများအတွက် သန့်ရှင်းစွာထားလိုသော မိဘများအတွက် အဓိကရည်ရွယ်သည်ဟု ကုမ္ပဏီကပြောသည်။ သို့သော်လည်း အချို့သော အမြုပ်ထသည့် ဆပ်ပြာအမျိုးအစားများသာ ဖုန်းကို ဆေးကြောနိုင်မည်ဟုလည်း ဆိုသည်။ ယင်းဖုန်းကို လောလောဆယ် ဂျပန်နိုင်ငံတွင်သာ ရောင်းချမည်ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly