အမေရိကန်က အမျိုးသမီးများအား တိုက်ခိုက်ရေးတာဝန် အားလုံးပေးအပ်တော့မည်

အမေရိကန်က အမျိုးသမီးများအား တိုက်ခိုက်ရေးတာဝန် အားလုံးပေးအပ်တော့မည်

ဝါရှင်တန်၊ ဒီဇင်ဘာ ၄ ။           ။ အမေရိကန်စစ်တပ်၏ တိုက်ခိုက်ရေးတာဝန်အားလုံးကို အမျိုးသမီးများအတွက် လမ်းဖွင့်ပေးတော့မည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ကြေညာလိုက်သည်။

"အမေရိကရဲ့အနာဂါတ်တပ်ဟာ ဖြစ်နိုင်သမျှအကျယ်ပြန့်ဆုံးစွမ်းရည်အရင်းအမြစ်ကနေ အကျိုးရှိအောင်လုပ်နိုင်ရမယ်"ဟု မစ္စတာကာတာကဆိုသည်။ ယင်းသို့ ခွင့်ပြုခြင်းက အမျိုးသမီး ၂၂၀,၀၀၀ အတွက် တိုက်ခိုက်ရေးတာဝန်အတွက် အလုပ်အကိုင်များရရှိစေမည်ဆိုသည်။ အပြောင်းအလဲပြုလုပ်ရေးအတွက် အစီအစဉ်များတင်သွင်းရန် မစ္စတာကာတာက လက်နက်ကိုင်တပ်ဖွဲ့များကို ရက် ၃၀ အချိန်ပေးမည်ဖြစ်သည်။ အမေရိကန်စစ်တပ်သည် လွန်ခဲ့သည့် သုံးနှစ်ကျော်အတွင်း တင်းကျပ်မှုများကို လျှော့ချနေခဲ့သည်။

တိုကခိုက်ရေးကဏ္ဍများ၌ အမျိုးသမီးများအား ပိတ်ပင်မှုကို ၂၀၁၃က ရုပ်သိမ်းခဲ့သော်လည်း မသင့်တော်ဟု ယူဆသည့် ရာထူးများတွင် ထမ်းဆောင်ခြင်းအား ပိတ်ပင်မှုကိုမူ ၂၀၁၆အထိ စစ်တပ်အား အခွင့်အာဏာပေးခဲ့သည်။ ကျား-မ ရောနှောနေသည့်တပ်ဖွဲ့များသည် အမျိုးသားများချည်းသာရှိသည့် တပ်ဖွဲ့များလောက် ထိရောက်မှုမရှိဆိုသည့် လေ့လာမှုများကို ကိုးကားလျက် အမျိုးသမီးများအား မရိန်းတပ်မများရှိ အချို့ရာထူးများကို မပေးအပ်သင့်ကြောင်း ပူးတွဲစစ်ဦးချုပ်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဒန်ဖို့ဒ်က စောဒကတက်ထားသည်။

သို့သော်လည်း ၎င်း၏စောဒကတက်မှုကို မစ္စတာကာတာက ပယ်ချခဲ့ပြီး ချွင်းချက်ရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ "အရည်အသွေးရှိပြီး အဆင့်မီနေသမျှ အမျိုးသမီးတွေလည်း အရင်က သူတို့မလုပ်နိုင်ခဲ့တဲ့နည်းလမ်းတွေနဲ့ ကျွန်တော်တို့ရဲ့ မစ်ရှင်ကို အကျိုးပြုနိုင်ပါလိမ့်မယ်"ဟု ၎င်းကပြောကြားသည်။

"သူတို့(အမျိုးသမီးတွေ)ကို တင့်ကားတွေမောင်းခွင့်ပြုမယ်။ မော်တာတွေပစ်ခွင့်ပေးမယ်။ တိုက်ခိုက်ရာမှာ ခြေလျင်စစ်သားတွေကို ဦးဆောင်ခွင့်ပေးမယ်"ဟု ကာတာကဆိုသည်။ ယင်းသို့ခွင့်ပြုခြင်းမှာ စစ်တပ်တွင် တာဝန်ထမ်းမည့် အမျိုးသမီးများအတွက် စိတ်လှုပ်ရှားကျေနပ်စရာကောင်းသည့် နေ့တစ်နေ့ဖြစ်သည်ဟု နိုင်ငံအဆင့်အမျိုးသမီးဥပဒေစင်တာမှ နန်စီဒပ်ဖ်ကမ်ဘဲလ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly