အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အင်တာဗျူး

01 June 2021
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အင်တာဗျူး

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး တောတောင်ထဲတွင် ဒုက္ခရောက်နေရသည့် စစ်ရှောင်ပြည်သူပေါင်း ၁ သိန်းခွဲခန့် အထိ ရှိနေကာ၊ ၎င်းတို့အတွက် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

စစ်ရှောင်ပြည်သူ ၁သိန်းခွဲခန့်ဟာ လက်ရှိအချိန်မှာ အစားအသောက်နဲ့ အသုံးအဆောင်များအပြင် ယာယီခိုလှုံရာစခန်းတွေပါ လိုအပ်နေတာဖြစ်ပြီး ဒါတွေကို ထောက်ပံ့ကူညီနိုင်ဖို့ ၎င်းတို့ရဲ့ ၆ လစာ အသုံးစရိတ်အတွက် ငွေကျပ် ၂၅.၅ ဘီလီယံခန့် လိုအပ်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly