တရုတ်စစ်တပ်က လက်နက်ခဲယမ်း ထောင်ပေါင်းများစွာကို တောင်တရုတ်ပင်လယ်တွင် ကြဲချလေ့ကျင့်

By The Singapore Post
01 June 2021
တရုတ်စစ်တပ်က လက်နက်ခဲယမ်း ထောင်ပေါင်းများစွာကို တောင်တရုတ်ပင်လယ်တွင် ကြဲချလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) မှ စစ်လေယာဉ်များသည် တောင်တရုတ်ပင်လယ်အတွင်းရှိ ပစ်မှတ်များပေါ်သို့ လက်နက်ခဲယမ်း ထောင်ပေါင်းများစွာကို လက်တွေ့စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း မေ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

နိုင်ငံတကာမှ ဖိအားပေးခြင်းများ ရှိနေသော်လည်း တရုတ်အနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း ရန်လိုသည့် လုပ်ရပ်များကို ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ လေ့ကျင့်ခန်းအတွင်း လေယာဉ်မှူးများအနေဖြင့် ပင်လယ်တွင်းမှ ပစ်မှတ်များကို မှန်ကန်တိကျစွာ ပစ်ခတ်နိုင်ခဲ့သည်ဟု ဆိုသည်။

PLA ၏ တောင်ပိုင်းစစ်ရပ်ဝန်း ပင်လယ်ပြင် လေတပ်လက်အောက်ခံ တပ်ရင်းက JH-7 ဗုံးကြဲတိုက်လေယာဉ်များဖြင့် စစ်ရေးလေ့ကျင့်ခဲ့ကြောင်း China Central Television (CCTV) သတင်းဌာနကို ကိုးကား၍ Global Times သတင်းစာက ဖော်ပြခဲ့သည်။လေ့ကျင့်မှုတွင် စစ်လေယာဉ် ဒါဇင်ပေါင်းများစွာ ပါဝင်ခဲ့ပြီး ပင်လယ်ပြင်တွင် အနိမ့်ပျံသန်းကာ ကာကွယ်ရေးဇုန်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခြင်း၊ ရော့ကတ်များနှင့် ပတ်လည်စက်သေနတ်များကို ပစ်ခတ်ခြင်း၊ ပင်လယ်ပြင်ပစ်မှတ်များပေါ်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ကို ၎င်း၏ ပိုင်နက်ဟု တရားဝင်ကြေညာခွင့်မရှိကြောင်း ပြသသည့်အနေဖြင့် အမေရိကန်စစ်သင်္ဘောများသည် လွန်ခဲ့သည့် ရက်ပိုင်းက ပါရာဆယ်ကျွန်းများအနီး ဖြတ်သန်းခုတ်မောင်းပြခဲ့သည်။

“တောင်တရုတ် ပင်လယ်အတွင်းမှာ တရားမဝင်တဲ့ ပိုင်နက်ကြေညာမှုဟာ ပင်လယ်ပြင် လွတ်လပ်စွာ သွားလာခွင့်ကို ခြိမ်းခြောက်ပါတယ်” ဟု အမေရိကန် ရေတပ်၏ အမှတ် (၇) သင်္ဘောအုပ်စုက ထုတ်ပြန်သည်။

အမေရိကန်သည် တရုတ်ပင်လယ်ပြင် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ခြိမ်းခြောက်နေကြောင်း တုံ့ပြန်ပြောဆိုထားသည်။

“တောင်တရုတ် ပင်လယ်အတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နို်ငငံတကာဥပဒေနဲ့ နိုင်ငံတကာ ဆက်ဆံရေး အခြေခံစံနှုန်းတွေကို ထိခိုက်စေသလို ဒေသတွင်း လုံခြုံရေး အန္တရာယ်ကို မြင့်တက်စေပါတဘ်။ နားလည်မှု လွဲခြင်း ဖြစ်စေနိုင်သလို ပင်လယ်ပြင်မျာ မှားယွင်းအဆုံး အဖြတ်ပေးခြင်းနဲ့ မတော်တဆဖြစ်စဉ်တေါ ကြုံလာနိုင်တာကြောင့် ပရောဖက်ရှင်နယ်မဆန်သလို တာဝန်မဲ့ရာလည်း ဖြစ်ပါတယ်”

လေ့လာသူများကလည်း တရုတ်၏ အဆိုပါ လေ့ကျင့်ခန်းသည် လက်တုံ့ပြန်ခြင်းမဟုတ်ကြောင်း၊တိုက်ခိုက်ရေး စွမ်းရည်တိုးတက်ကောင်းမွန်ရန် ပုံမှန်လေ့ကျင့်ခြင်း ဖြစ်ကြောင်း Global Times တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required