တရုတ်နှင့် ပူးပေါင်းမှုများ ရပ်နားရန် ကနေဒါပြည်နယ်အစိုးရ အမိန့်ထုတ်ပြန်

By Just Earth News
01 June 2021
တရုတ်နှင့် ပူးပေါင်းမှုများ ရပ်နားရန် ကနေဒါပြည်နယ်အစိုးရ အမိန့်ထုတ်ပြန်

ကနေဒါနိုင်ငံ အနောက်ပိုင်း၊ အယ်လ်ဘာတာပြည်နယ်အစိုးရဒေသတွင်း တက္ကသိုလ် ၄ ခုအနေဖြင့် တရုတ်နိုင်ငံ သို့မဟုတ် အုပ်ချုပ်သည့်ပါတီနှင့် ပူးပေါင်းဆောင်ရွက်မှု အသစ်များ လုပ်ဆောင်ခြင်း သို့မဟုတ် လက်ရှိလုပ်ငန်းများကို သက်တမ်းတိုးခြင်းတို့ကို ရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်လိုက်ရာ တရုတ်အစိုးရ အတွက် ထိုးနှက်မှုတစ်ခု ဖြစ်စေခဲ့သည်။

ကယ်လ်ဂါရီတက္ကသိုလ်၊ အယ်လ်ဘာတာတက္ကသိုလ်၊ လက်ဘရစ်ချ်တက္ကသိုလ်နှင့် အေသာဘာဆာ တက္ကသိုလ်များသို့ ပြည်နယ်အစိုးရက တရုတ်အဖွဲ့အစည်းများနှင့် ဆက်ဆံရေးနှင့် သက်ဆိုင်သည့် စာတစ်စောင်အား ပေးပို့ခဲ့သည်။ အဆိုပါ ကျောင်းများအနေဖြင့် လက်ရှိ ပူးပေါင်း ဆောင်ရွက်မှုကို ပြန်လည်သုံးသပ်ရန် ရက် ၉၀ အချိန်ရပြီး လုပ်ဆောင်ရန် စီစဉ်ထားမှုများကို အစိုးရသို့ တင်ပြရမည်ဟု CTV News တွင် ဖော်ပြသည်။

“ကနေဒါရဲ့ ဉာဏမူပိုင်ခွင့်တွေ ခိုးယူခံရမှာကို များစွာစိုးရိမ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနဲ့ သုတေသန ပူးပေါင်းလုပ်ဆောင်မှုတွေကို တရုတ်စစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့တွေက အသုံးပြုသွားမှာ စိုးရိမ်ပါတယ်” ဟု အယ်လ်ဘာတာ အဆင့်မြင့် ပညာရေးဝန်ကြီး ဒမ်ထရီရော့စ် နီကိုလက်စ်၏ ထုတ်ပြန်ချက်ကို သတင်းဌာနက ဖော်ပြခဲ့သည်။

“မိမိရဲ့ ဦးစားပေးအစီအစဉ်က အဆင့်မြင့် အဖွဲ့အစည်းတွေအနေနဲ့ ကနေဒါရဲ့ ဉာဏမူပိုင်ခွင့်ကို ကာကွယ်ဖို့နဲ့ အယ်လ်ဘာတာက အဖွဲ့အစည်းတွေဟာ မိမိတို့ နိုင်ငံရဲ့ အဓိက နို်ငငံတော်အကျိုးစီးပွားတွေကို ဖျက်ဆီးမယ့် အဖွဲ့အစည်းတွေနဲ့ သဘောတူညီချက်တွေ မပြုလုပ်မိဖို့ပဲ ဖြစ်ပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly