တရုတ်ပြည်သူများသည် ကွန်မြူနစ်အစိုးရ၏ အဆိုးရွားဆုံး သားကောင်များ ဖြစ်နေရဟု Sky News ရုပ်သံတင်ဆက်သူ ပြောကြား

By Just Earth News
01 June 2021
တရုတ်ပြည်သူများသည် ကွန်မြူနစ်အစိုးရ၏ အဆိုးရွားဆုံး သားကောင်များ ဖြစ်နေရဟု Sky News ရုပ်သံတင်ဆက်သူ ပြောကြား

မဲလ်ဘုန်း

တရုတ်ပြည်သူများသည် ကွန်မြူနစ်အုပ်ချုပ်ရေးစနစ်၏ အဆိုးရွားဆုံး သားကောင်များဖြစ်နေကြောင်း Sky News ရုပ်သံ၏ အစီအစဉ်တင်ဆက်သူ ရီတာပါနာဟီက ပြောကြားလိုက်သည်။

“ဒီမှာနေကြတဲ့ တရုတ်နွယ်ဖွားတွေဟာ တရုတ်နိုင်ငံက ကွန်မြူနစ်အစိုးရအောက်မှနေကြသူတွေနဲ့ လုံးဝကို မတူဘူးဆိုတာ ဩစတြေးလျနိုင်ငံသားတွေက ကောင်းကောင်း သိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“တရုတ်ကွန်မြူနစ်ပါတီရဲ့ အဆိုးရွားဆုံး သားကောင်တွေဟာ တရုတ်ပြည်သူတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ အစိုးရကို ဆန့်ကျင်ပြောဆိုရင် အဖမ်းခံရတဲ့ သူတွေပါ” ဟု သူမက မှတ်ချက်ပြုသည်။

“သူတို့ဟာ သားကောင်တွေ ဖြစ်နေပြီး သူတို့နဲ့ သူတို့ကိုအုပ်ချုပ်တဲ့သူတွေကို ဩစတြေးလျနိုင်ငံသားတွေက ခွဲခြားမြင်ပါတယ်” ဟုလည်း သူမက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly