သမ္မတ ဂျိုးဘိုင်ဒင်အစိုးရလက်ထက် အမေရိကန်နှင့် တရုတ် ပထမဆုံးကုန်သွယ်ရေး ညှိနှိုင်းမှုပြုလုပ်

သမ္မတ ဂျိုးဘိုင်ဒင်အစိုးရလက်ထက် အမေရိကန်နှင့် တရုတ် ပထမဆုံးကုန်သွယ်ရေး ညှိနှိုင်းမှုပြုလုပ်

တရုတ်ဒုတိယဝန်ကြီးချုပ် လျူဟေးနှင့် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ကက်သရင်းတိုင်တို့သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာတွင် ပွင့်လင်း၍ အပြုသဘောဆောင်သည့် ဆွေးနွေးမှုသည် နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးတက်စေရန် အရေးကြီးကြောင်း အသိအမှတ်ပြုခဲ့ကြသည်။

“တန်းတူညီမျှရှိမှုနဲ့ အပြန်အလှန် လေးစားမှုသဘောထားတွေအရ ပွင့်လင်း၊လက်တွေ့ကျပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်‌ရေး တိုးတက်မှုဟာ အလွန်အရေးကြီးပါတယ်။ နှစ်ဖက်စလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို အမြင်ချင်းဖလှယ်ပြီး ဆက်ဆံရေးတွေ ဆက်လက်လုပ်ဆောင်ဖို့ သဘောတူညီခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ကုန်သွယ်မှု ဆက်ဆံရေးရုံး (USTR) ၏ ထုတ်ပြန်ချက်တွင် တိုင်သည် ဘိုင်ဒင်အစိုးရ၏ ကုန်သွယ်ရေး မူဝါဒမှ နည်းလမ်းများနှင့် အမေရိကန်-တရုတ် ကုန်သွယ်မှု ဆက်ဆံရေးအပေါ် သူမ၏ လက်ရှိ သုံးသပ်ချက်ကိုလည်း ဆွေးနွေးခဲ့သည်။

“သံအမတ်ကြီး ကက်သရင်းတိုင်နဲ့ တရုတ်ဒုဝန်ကြီးချုပ် လျူဟေးတို့ အွန်လိုင်းကနေ မိတ်ဆက်တွေ့ဆုံရာမှာ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ဆက်ဆံရေးရဲ့ အရေးပါမှုကို ဆွေးနွေးခဲ့ပါတယ်” ဟု USTR ရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သမ္မတဒေါ်နယ်ထရမ့် လက်ထက် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်းက ကုန်သွယ်ရေး သဘောတူညီချက် တစ်စိတ်တစ်ပိုင်းကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးပြီးနောက် ကုန်သွယ်မှု ညှိနှိုင်းရေး ထိပ်တန်းအရာရှိများ ဩဂုတ်လအတွင်း နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly